တရုတ်နဲ့ ထိုင်းနိုင်ငံသို့ သီဟိုဠ်စေ့ တန် ၃၀ နီးပါးတင်ပို့

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ သြဂုတ် လနောက်ဆုံးပတ်အတွင်း အမေရိကန် ဒေါ်လာ သုည ဒသမ ၁၂၀ သန်းတန်ဖိုး ရှိ သီဟိုဠ်စေ့တန် ၂၀ နီးပါးနဲ့ မြန်မာ- ထိုင်းနယ်စပ်ရှိ   မြဝတီကုန်သွယ်ရေး ဇုန်မှ အမေရိကန်ဒေါ်လာ သုည ဒသမ ဝ၆၁ သန်းတန်ဖိုးရှိ သီဟိုဠ်စေ့ ရှစ် တန်ခန့်ကို တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံ သို့ တင်ပို့ခဲ့ပါတယ်။
သြဂုတ်လဆန်းမှစပြီး စတုတ္ထ ပတ်အထိ  မူဆယ်ကုန်သွယ်ရေးဇုန်မှ ၁၀၄ တန်ခွဲနဲ့ မြဝတီကုန်သွယ်ရေးဇုန်မှ ၁၆ တန် တင်ပို့ပြီးဖြစ်တယ်လို့ သတင်း ရရှိပါတယ်။                           ခင်မိုးသူ

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General