သြစတြေးလျနိုင်ငံအတွင်းသို့ တင်းသွင်းလိုသောပြုပြင်ထုတ်ပိုးထားသည့် (စည်သွပ်) တိရစ္ဆာန်ထွက် စားသောက်ကုန်ပစ္စည်းများတင်သွင်းမှုဆိုင်ရာစည်းကမ်းချက် များ ပြောင်းလဲပြင်ဆင်ခြင်း

သြစတြေးလျနိုင်ငံအတွင်းသို့ တင်သွင်းလိုသော ပြုပြင်ထုတ်ပိုးထားသည့် (စည်သွပ်) တိရစ္ဆာန်ထွက် စားသောက်ကုန်ပစ္စည်းများ တင်သွင်းမှုဆိုင်ရာစည်းကမ်းချက်များ ပြောင်းလဲ ပြင်ဆင်ခြင်း။

သြစတြေးလျနိုင်ငံအစိုးရ လယ်ယာစိုက်ပျိုးရေးနှင့် ရေအရင်းအမြစ်ဦးစီးဌာနမှ အောက်ဖော် ပြပါ စည်းကမ်းချက်များကို ထုတ်ပြန်ထားပါသည် -

ပို့ကုန်တင်သွင်းမှုစည်းကမ်းများ

စည်သွပ်ကုန်ပစ္စည်းများအနေဖြင့် အောက်ဖော်ပြပါ စည်းကမ်းချက်များနှင့် ကိုက်ညီရမည် ဖြစ်ပါ သည်-

  • တင်သွင်းသူများအနေဖြင့် တင်ပြရမည့် လိုအပ်သည့် အထောက်အထားများသည် ထုတ်လုပ်သည့် နိုင်ငံမှအာဏာပိုင်အစိုးရက ထုတ်ပြန်ထားသည့် အောက်ဖော်ပြပါ မွေးမြူရေးဆိုင်ရာ အသိအမှတ်ပြုလက်မှတ်များနှင့် ကိုက်ညီရမည်ဖြစ်သည်။

နွားရူးရောဂါပိုး

  • ကုန်ပစ္စည်းများအနေဖြင့် ကျွဲနွားနှင့်စပ်လျဉ်းသော ပစ္စည်းများမပါစေရ (နို့ထွက်ပစ္စည်း ပါဝင်သည့်အမယ်များမှအပ)

သြစတြေးလျနိုင်ငံမှ နွားရူးရောဂါပိုးမရှိဟုသတ်မှန်ထားသော နိုင်ငံများတွင် အသားနှင့် ပတ်သက်သောပစ္စည်းများအားလုံးသည် တိရိစ္ဆာန်များမွေးဖွား ကြီးပြင်းခြင်းနှင့် သားသတ် သည့်အဆင့်မှရရှိခြင်းဖြစ်ရမည်။ (အသိအမှတ်ပြုလက်မှတ် ရရှိထားသော နိုင်ငံများအား စာရင်းပြုစုထားရမည်)

(အသိအမှတ်ပြုလက်မှတ် အသုံးချလျက်ရှိသော လုပ်ဆောင်ချက်များအား ရည်ညွှန်းရမည်)

ဆိတ်/သိုးများအတွက် အာရုံကြောထိခိုက်သည့် ဗိုင်းရပ်စ်ရောဂါ

ထုတ်ကုန်အနေဖြင့်  နို့ထွက်ပါဝင်ပစ္စည်းများထက်သိုး(သို့) ဆိတ်သတ္တဝါများမှ ဆင်းသက်လာသော ပစ္စည်းများမပါဝင်ရ။

(သို့)

သိုးများ၏ ဗိုင်းရပ်စ်ရောဂါမှကင်းလွတ်သည်ဟုသတ်မှတ်ခြင်းမခံရသော ဇုန်များ(သို့) နိုင်ငံများမှ ရရှိလာသော အသက်(၁၂)လအထက်သက်တမ်းရှိသော သိုး(သို့) ဆိတ်သတ္တဝါများ၏ ထွက်ကုန် ပစ္စည်းများမှ အတွင်းကလီဇာများ(အတွင်းကလီဇာများမှ ထုတ်လုပ်သော ပရိုတင်းထုတ်ကုန်များ) မပါဝင်ပါ။

(အတွင်းကလီဇာများတွင် ဦးခေါင်းခွံတွင်ပါဝင်သော ဦးနှောက်၊ မျက်လုံး၊ ကျောရိုး နဗ်ကြိုး၊ လျှာရင်းတစ်ဖက်တစ်ချက်စီတွင်ရှိသောအကြိတ်များ၊ လည်ပင်းတွင်ရှိသော သငံရည်အင်္ဂါစု၊ သရက်ရွက်၊ အူသိမ်အပိုင်းများ၊ အူမကြီး၊ သွေးဖြူဥများပါဝင်သော အဖုငယ်များ၊ အက်ဒရီနယ် ဂလင်း၊ ပန်ကရိယ၊ အသည်း(သို့) အရိုးတွင်ရှိနေသော နူးညံ့သောပစ္စည်းများ)

(အသိအမှတ်ပြုလက်မှတ်ရရှိထားသော နိုင်ငံများအား စာရင်းပြုစုထားရမည်)

စည်သွတ်ထုတ်လုပ်မှုလုပ်ငန်းစဉ်များ

စည်သွပ်ဘူးများသည် စီးပွားဖြစ်ထုတ်လုပ်ကုန်ဖြစ်ရမည်။

စည်သွပ်ဗူးများအား အနည်းဆုံးအပူချိန် ၁၀၀ ဒီဂရီစင်တီဂရိတ်အပူပေးပြီး အနည်းဆုံး ၂.၈ ၌ FO တန်ဖိုးရှိအောင်ထားရပါမည်။

စည်သွပ်ဗူးကုန်သေတ္တာ

စည်သွပ်ဗူးများကို စနစ်တကျ ထုတ်ပိုးထားသောကုန်သေတ္တာများမှ ထုတ်ကုန်များအား တင်သွင်း ရပါမည်။

စနစ်တကျထုတ်ပိုးထားသော ကုန်သေတ္တာများအား တံဆိပ်ခေါင်းရိုက်နှိပ်ရမည်(သို့) တရားဝင် အမှတ်အသားဖြင့် ဖောင်းကြွရိုက်နှိပ်ပေးရမည်-

-ထုတ်လုပ်မှုကို ကိုယ်စားပြုထားသော ကိန်းဂဏာန်းနှင့်

-ကုတ်နံပါတ်များ

 

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General