ပြည်တွင်းရွှေဈေးများ အနည်းငယ် ပြန်လည်ကျဆင်း

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက ဆက်တိုက်မြင့်တက်ခဲ့သည့် ပြည်တွင်း ရွှေဈေးနှုန်းများသည်ယခုတစ်ပတ်တွင် အနည်းငယ်ကျဆင်းခဲ့ကြောင်း ဈေးကွက် အတွင်းမှ သိရသည်။ ဈေးကွက်အတွင်း ၌ ရွှေဈေးများ မြင့်တ က်နေမှုကြောင့် အရောင်းရော အဝယ်ပါ လုံးဝမရှိခဲ့ကြောင်း၊ ယခင်က ငွေလဲနှုန်းမြင့်တက် လျှင် ပြည်တွင်း၌ ရွှေ ဈေးများကျဆင်းလေ့ရှိသော်လည်း ယခုအခါတွင် ငွေလဲနှုန်းများမြင့်တက် မှုကြောင့် ရွှေဈေးများလည်း လိုက်ပါမြင့်တက်နေကြောင်း၊ ထို့ပြင် ယခင်က ပြည်တွင်း ရွှေ ဈေးများသည် ကမ္ဘာ့ရွှေဈေးနှင့်ယှဉ်ပါက အမြဲလိုလို ကွာဟနေကြောင်း၊ ယခုအခါတွင်မူ ပြည်တွင်း ရွှေဈေးများနှင့်ကမ္ဘာ့ရွှေဈေးများသည် တူညီလုနီးပါး ရှိနေ သည်ကို တွေ့ရှိ ရကြောင်း ရွှေကုန်သည်တစ်ဦးက ပြောကြားခဲ့သည်။ ပြည်တွင်းရွှေဈေးများသည် သြဂုတ် ၂၂ ရက်က ကျပ် ၈၅၃၅၀ဝ ရှိခဲ့ပြီး သြဂုတ် ၂၄ ရက်တွင် ကျပ် ၈၆၈၅၀ဝ သို့ မြင့်တက်ခဲ့သည်။ သို့သော် သြဂုတ်လ ၂၆ ရက်တွင် ကျပ် ၈၅၈၅၀ဝ သို့ ပြန်လည်ကျဆင်းလာခဲ့သည်။ က မ္ဘာ့ရွှေဈေးသည် သြဂုတ် ၂၂ ရက်က ၁၃၃၆ ဒေါ်လာရှိခဲ့ပြီး သြဂုတ် ၂၄ ရက်တွင် ၁၃၃၉ ဒေါ်လာသို့ မြင့်တက်ခဲ့သည်။ သြဂုတ် ၂၆ ရက်တွင် ၁၃၂၄ ဒေါ် လာ သို့ ပြန်လည် ကျဆင်းခဲ့ သည်။

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General