ဆန်ချောဈေးကျပြီး အရောင်းအဝယ် ပုံမှန်ရှိ

ရန်ကုန်မြို့ ဆန်ဈေးကွက်မှာ ဝါးတန်း ကုန်စည်ဒိုင်ရဲ့ လက်ကား ဈေးနှုန်းအရ  သြဂုတ် ၂၆ရက်အထိ တစ်ပတ်
အတွင်း ဆန်ချော တစ်အိတ်လျှင် ကျပ် ၅၀ဝခန့် ဈေးကျ ကြောင်း သိရပါတယ်။ ဖျာပုံပေါ်ဆန်းဆန် ထိပ်စ တစ်အိတ်
ကို ကျပ် ၃၅၅၀ဝ၊ လတ်စ   တစ်အိတ်ကို ကျပ် ၃၃၀ဝ၀၊ မြောင်းမြ ပုသိမ်ပေါ်ဆန်း  ထိပ်စတစ်အိတ်ကို ကျပ် ၃၇၀ဝ၀၊
လတ်စ တစ်အိတ် ကျပ် ၃၄၀ဝ၀၊ နယ်စုံ ကျိုက်လတ် ထိပ်စ တစ်အိတ် ကျပ် ၃၃၅၀ဝ၊  လတ်စတစ်အိတ် ကျပ် ၃၁၅၀ဝ
ဖြစ်ပြီး၊ ယခင်တစ်ပတ်ထက် တစ်အိတ်ကို ကျပ် ၅၀ဝစီ ဈေး ကျလာပါတယ်။ ဈေးကျပေမယ့် အဝင်ပုံမှန်ရှိပြီး အရောင်း အဝယ်လည်း ပုံမှန်ရှိကြောင်း သိရပါတယ်။ဧည့်မထ ထိပ်စတစ်အိတ် ကျပ် ၂၂၀ဝ၀၊ လတ်စ တစ်
အိတ် ကျပ် ၂၀၂၀ဝ၊ နွေဆန် ရက်၉၀ တစ်အိတ် ကျပ် ၂၀ဝ၀ဝ မှ ၂၂၀ဝ၀ ဖြစ်တဲ့အတွက် တစ်အိတ် ကျပ် ၅၀ဝခန့် ဈေးကျ ပါတယ်။ နွေသီးထပ်ရှယ် တစ်အိတ် ကျပ် ၁၉၅၀ဝ မှ ၂၀၃၀ဝ၊ မနောသုခ တစ်အိတ် ကျပ် ၂၆၀ဝ၀မှ ၂၇၀ဝ၀၊ ပြည်ပအိတ်စ်ပို့ ဧည့်မထတစ်အိတ် ကျပ် ၁၇၂၀ဝမှ ၁၇၅၀ဝ ဖြစ်ပြီး ယခင်တစ် ပတ်အတိုင်း ဈေးငြိမ်နေပါတယ်။
မူဆယ်ဆန် ဈေးကွက်မှာ သြဂုတ် ၂၆ရက် ဈေးနှုန်းအရ ဆန်ဈေး  အတက်အကျ သိပ်မရှိဘဲ ဈေးငြိမ်နေတယ်လို့ သိရ
ပါတယ်။ ဧည့်မထ ၅မှတ် မှော်ဘီတစ်အိတ် ၁၄၃မှ ၁၄၆ ယွမ်၊ စူပါတစ်အိတ် ၁၄၆ မှ ၁၄၉ ယွမ်၊ ဧည့်မထ ၁၀မှတ် မှော်ဘီ တစ်အိတ် ၁၃၈ မှ ၁၄၁ ယွမ်၊ စူပါတစ်အိတ် ၁၄၄မှ ၁၄၅ယွမ်၊ မနောသုခ ၂၅မှတ် တစ်အိတ် ၁၃၀မှ ၁၃၄ယွမ်၊ ငစိန် ၅မှတ် ၁၄၅မှ ၁၄၇ယွမ်၊ ငစိန် ၁၅မှတ် တစ်အိတ် ၁၄၀မှ ၁၄၃ ယွမ်၊ ငစိန် ၂၅မှတ် တစ်အိတ် ၁၃၆မှ ၁၃၈ ယွမ်နဲ့ ယခင်တစ်ပတ် အတိုင်း ဈေးငြိမ်နေပါတယ်။မြို့တွင်းနယ်စုံမှ မူဆယ်ကုန်စည်ဒိုင်သို့ ဆန်အဝင်မှာ
သြဂုတ် ၁၉ရက်မှ ၂၅ရက်အထိ တန်ချိန် ၃၁၉၃ တန် ရှိပါ တယ်။ ယခင်တစ်ပတ်ထက် ဆန်အဝင် နည်းပြီး အရောင်း
အဝယ်လည်း နည်းနေကြောင်းနဲ့ သြဂုတ် ၂၆ ရက် ငွေလဲနှုန်း အရ တစ်ယွမ်လျှင် ၁၈၀ကျပ် ဈေးပေါက်ကြောင်း မူဆယ်
ဆန်ဈေးကွက်မှ သိရှိရပါတယ်။

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General