မုံရွာဆီထွက်သီးနှံဈေးကွက် ပြည်ပဝယ်လက်ပါးလို့ ဈေးငြိမ်

မုံရွာကုန်စည်ဒိုင် သြဂုတ်လ ဒုတိယပတ် ဆီထွက်သီးနှံဈေးကွက်မှာ  မြေပဲလုံးဆန်အနေနဲ့ နယ်အဝင်ပါးလို့ ပစ္စည်း လက်ကျန်နည်း၊ ပစ္စည်းကောင်းလည်း နည်းတဲ့အတွက် တရုတ်ဝယ်လက် ပါးသွားခဲ့တယ်လို့ ဈေးကွက်မှ  သိရပါတယ်။ ယခုတစ်ပတ်အတွင်း မြေပဲလုံးဆန် (နီ) တစ်ပိဿာ ၂၆၅၀ ကျပ်၊ လုံးဆန် (ဖြူ) တစ်ပိဿာ ၂၆၀ဝ ကျပ်နဲ့ ဆီဆန်တစ်ပိဿာ ၂၁၂၅ ကျပ်အထိ ဈေးအမြင့်ဆုံးပေါက်ခဲ့ပြီး၊ ဒေသတွင်း ဆားလှော်သမားနဲ့ လက်လီပုံမှန် ဝယ်လိုအားရှိလို့ တစ်ရက်တင်း ၃၀ဝ မှ ၅၀ဝအတွင်း အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ တရုတ်ဝယ်လက်က တစ်ရက် အိတ် ၁၅၀ခန့် ရှိခဲ့တယ်လို့ ဒိုင်ရပ်ကွက် က ဆိုပါတယ်။ ဆီဆန်ကတော့ ဝယ်လိုအား ကောင်းကာ တစ်ရက် အိတ် ၃၀ဝ၀ ခန့် ဖြစ်ခဲ့ပြီး၊ လိုအပ်ချက်အရ မန္တလေးက ဆွဲဝယ်ခဲ့ကြတယ်လို့ သိရပါတယ်။
ယခုတစ်ပတ် နှမ်းဈေးကွက်မှာတော့ တရုတ် ဝယ်လက် အဆွဲရှိလို့ နှမ်းနက်ဈေး အနည်းငယ်မာခဲ့ ရာ တစ်တင်း ၅၁၅၀ဝ ကျပ်အထိ အမြင့်ဆုံးပေါက်ခဲ့ပြီး၊ တစ်ရက် အိတ် ၃၀ဝ ခန့် အရောင်းအဝယ် ဖြစ်ခဲ့ တယ်လို့ သိရပါတယ်။ နှမ်းဖြူကတော့ တစ် တင်း ကျပ် ၃၁၅၀ဝ ထိ အမြင့်ဆုံးပေါက်ပြီး တစ်ရက် အိတ် ၁၀ဝခန့်နဲ့  နှမ်းညို တစ်တင်း ကျပ် ၂၅၀ဝ၀ ဝန်းကျင် ပေါက်ပြီး၊ အိတ် ၂၀ဝ ခန့် အရောင်းအဝယ် အသီးသီးဖြစ်ခဲ့တယ်လို့ မုံရွာ ကုန်စည်ဒိုင်ရပ်ကွက်က သိရပါတယ်။         ထွန်းလှိုင် (မုံရွာ)
 

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General