သွင်းကုန်လိုင်စင်လျှောက်ထားရန် မလိုသော ကုန်စည်လိုင်း ၂၆၇ လိုင်းအား ထုတ်ပြန်ကြေညာ

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန သည် သွင်းကုန်လိုင်စင် လျှောက်ထားရယူ ဆောင်ရွက်ရမည့် ကုန်စည် ၄၄၀၅ လိုင်းအနက် ကုန်စည်လို င်း ၂၆၇ လိုင်းအား သွင်းကုန်လိုင်စင် လျှောက်ထားရန်မလိုသော ကုန်စည်လိုင်းများအဖြစ် စက်တင်ဘာ ၁ ရက်မှ စတင်၍ ဖြေလျှော့မည်ဖြစ်ကြောင်း သိရ သည်။ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည့်အားလျော်စွာ WTO ၏ Agreement on Import Licensing Procedures နှင့် နိုင်ငံတကာတွင်ကျင့်သုံးနေသော လုပ်ထုံးလုပ်နည်းများနှင့် လိုက်လျောညီထွေရှိစေရန်အတွက် လိုင်စင်လျှောက်ထားရန်လိုသည့် သွင်းကုန် အမယ်များစာရင်းကို မြန်မာနိုင်ငံ၏ HS Code 2012 Version အရ စုစုပေါင်း ကုန်စည်လိုင်းများမှ ကုန်စည် ၄၄၀၅ လိုင်းအား လိုင်စင်လျှောက်ထားရ ယူရမည့် Negative List အဖြစ် အမိန့်ကြော်ငြာစာအမှတ် ၆၉/၂၀၁၅ ဖြင့် ထုတ်ပြန် ကြေညာခဲ့သည်။ အဆိုပါ အမိန့်ဖြင့်ထုတ်ပြန်ခဲ့သည့် သွင်းကုန် လိုင်စင် လျှောက်ထားရယူဆောင်ရွက်ရမည့် ကုန်စည် ၄၄၀၅လိုင်းအနက်မှ ကုန်စည်လိုင်း ၂၆၇ လိုင်းအား သွင်းကုန်လိုင်စင် လျှောက်ထားရန် မလိုသော ကုန်စည်လိုင်းများအဖြစ် ဖြေလျှော့လိုက်ကြောင်း သိရသည်။ သွင်းကုန်လိုင်စင်လျှောက်ထားရန် မလိုသောကုန် စည်လိုင်း ၂၆၇ လိုင်းများအနက် ရော်ဘာနှ င့် ရော်ဘာ ဆိုင်ရာ ပစ္စည်းများ၊ ချည်ထည်များ၊ သံ၊ သံမဏိနှင့် စတီးပစ္စည်းများ၊ ကြေး နီ၊ ကြေးဝါနှင့် ၎င်းင်းတို့နှင့်ဆိုင် သောပစ္စည်းများ၊ လျှပ်စစ်ပစ္စည်း များနှင့် ယင်းတို့၏ အစိတ်အပိုင်းများ၊ မော်တော်ယာဉ် အစိတ်အပိုင်းများနှင့် ဆက်စပ်ပစ္စည်းများ စသည်တို့နှင့်ပတ်သက်သည့် ကုန်စည်အမျိုးအမည်အုပ်စုဝင် များ ပါဝင်ကြောင်းသိရသည်။ သွင်းကုန်လိုင်စင် လျှောက်ထားရယူရန်လိုအပ်သော ကုန်စည်အမယ်စာရင်းကို အခါအားလျှော်စွာ စိစစ်သုံးသပ်ပြင်ဆင်ဆောင်ရွက် သွား မည် ဖြစ်ကြောင်းသိရသည်။ အဆိုပါဖြေလျှော့လိုက်သည့် ကုန်စည်လိုင်း ၂၆၇ လိုင်းအား အသေးစိတ်သိရှိလိုပါက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၏ ဝက်ဘ်ဆိုက်ဖြစ်သည့် www.commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်းသိရသည်။

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General