Re-export နဲ့ဘယ်လိုကုန်သွယ်ကြမလဲ(ယခင်တစ်ပတ်မှအဆက်)

(ယခင်တစ်ပတ်မှအဆက်)
ပထမအကြိမ်တင်သွင်းတင်ပို့ပြီး ဒုတိယအကြိမ်တင်သွင်းရန် လျှောက်ထားပါက တင်ပို့ခဲ့တဲ့
ED/IDကားစာရင်း၊ တစ်လအတွင်းငွေ ပြန်လည်ဝင်ရောက်မယ်ဆိုတဲ့ ဝန်ခံကတိနဲ့အတူ ပင်လယ်ရေကြောင်းကနေ တင်သွင်းပါက အများဆုံးတန် ၂၀ဝ၀၊ နယ်စပ်မှ တင်သွင်းပါက အများဆုံးတန် ၁၀ဝ၀ ခွင့်ပြုမှာဖြစ်ပါတယ်။ ဒါပေမယ့်သကြားကိုReexportစနစ်နဲ့တင်သွင်းရာမှာ  ခွင့်ပြုထားတဲ့တန်ချိန်ထက် ပိုမိုတင်သွင်းလိုတယ်ဆိုရင်တော့ ဝန်ကြီးဌာန စီမံခန့်ခွဲရေးကော်မတီရဲ့ စိစစ်ခွင့်ပြုချက်နဲ့ ပင်လယ်ရေကြောင်းကနေ အများဆုံးတန်ချိန် ၅၀ဝ၀၊ နယ်စပ်မှ အများဆုံး တန်ချိန် ၂၀ဝ၀ ခွင့်ပြုပေးမှာဖြစ်ပါတယ်။အလားတူပဲ တတိယအကြိမ် တင်သွင်း၊ တင်ပို့ခြင်းပြုလုပ်ဖို့
ထပ်မံလျှောက်ထားမယ်ဆိုရင်လည်း ဒုတိယအကြိမ် တင်သွင်းစဉ်ကED/IDကားစာရင်း၊  ပထမအကြိမ်တင်ပို့သည့်တန်ချိန်အတွက်နိုင်ငံခြားဘဏ်များမှ မြန်မာနိုင်ငံရှိ  ဘဏ်များသို့ ငွေပြန်လည်ဝင်ရောက်ကြောင်း အထောက်အထား၊ ဒုတိယတင်ပို့ခဲ့တဲ့ တန်ချိန်အတွက် တစ်လအတွင်း ငွေပြန်လည်ဝင်ရောက်မယ်ဆိုတဲ့ဝန်ခံချက်တွေကိုပူးတွဲတင်ပြရမှာဖြစ်ပါတယ်။ တတိယအကြိမ်တင်သွင်းတင်ပို့ခွင့်ပြုရာမှာတော့ပင်လယ်ရေကြောင်းကနေတင်သွင်းမယ်ဆိုရင် အများဆုံး တန်ချိန် ၂၀ဝ၀၊ နယ်စပ်မှတင်သွင်းမယ် ဆိုရင် အများဆုံးတန်ချိန် ၁၀ဝ၀ တင်သွင်းခွင့်ပြုမှာ ဖြစ်ပါတယ်။ပိုမိုလျှောက်ထားလိုတယ်ဆိုရင်လည်းဒုတိယအကြိမ် လျှောက်ထားစဉ်က  ခွင့်ပြုခဲ့တဲ့တန်ချိန်အတိုင်း တင်ပို့တင်သွင်းခွင့်ပြုသွားမှာ ဖြစ်ပါတယ်။

Re-exportလိုင်စင်သက်တမ်း
Re-exportစနစ်နဲ့သတ်မှတ်ကုန်ပစ္စည်းများကိုတင်ပို့တင်သွင်းခွင့်ပြုရာမှာမူလလိုင်စင်သက်တမ်းကို သုံးလခွင့်ပြုထားပြီးပထမအကြိမ် သက်တမ်းတိုးခြင်းကို တစ်လခွင့်ပြုထားသလိုဒုတိယ
အကြိမ် သက်တမ်းတိုးခြင်းကိုလည်း တစ်လခွင့်ပြုထားပါတယ်။ဒါပေမယ့်အစားအသောက်နဲ့ ဆေးဝါးများ  တင်သွင်းခွင့်အတွက် လျှောက်ထားလာတဲ့လိုင်စင်များကိုတော့သက်တမ်းတိုးခွင့်
မပြုပါဘူးReexportစနစ်နဲ့သတ်မှတ်ကုန်ပစ္စည်းများအားတင်ပို့တင်သွင်းခွင့်ပြုရာမှာခွင့်ပြုထားတဲ့သက်တမ်းအတွင်းလုပ်ငန်းဆောင်ရွက်နိုင်ခြင်းမရှိတဲ့ကုမ္ပဏီတွေကိုတော့လိုင်စင်သက်တမ်း တိုးခွင့်မပြုဘဲ သက်တမ်းကုန်သွားတဲ့ လိုင်စင်ကို ပြန်လည်အပ်နှံရမှာဖြစ်ပါတယ်။

Re-exportစနစ်နဲ့  စက်သုံးဆီ တင်သွင်းရာမှာ  လိုက်နာရမယ့် စည်းကမ်းများ
Re-exportစနစ်နဲ့ကုန်သွယ်မှုပြုရခြင်းရဲ့အဓိကရည်ရွယ်ချက်ကပို့ကုန်ပမာဏတိုးမြှင့်ရေးပဲဖြစ်ပါတယ်။Re-exportနဲ့ တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေကို ဆက်လက်တင်ပို့ခြင်းမရှိဘဲ ပြည်
တွင်းမှာရောင်းချမယ်ဆိုရင်တော့ပြည်တွင်းမှာရှိတဲ့လုပ်ငန်းရှင်တွေထိခိုက်နစ်နာမှုရှိနိုင်တဲ့အတွက် စည်းကမ်းချက်တွေသတ်မှတ်ထား ရှိပါတယ်။စက်သုံးဆီများကိုRe-exportစနစ်နဲ့တင်သွင်းတင်ပို့ခွင့်ပြုရာမှာစွမ်းအင်ဝန်ကြီးဌာနရဲ့သတ်မှတ်ဈေးနှုန်း၊အမှတ်တံဆိပ်များ(Brand)အတိုင်း ခွင့်ပြုပေးမှာဖြစ်ပါတယ်။ အမှတ်တံဆိပ်အသစ်ဆိုပါက စမ်းအင်ဝန်ကြီးဌာနကိုတင်ပြပြီးကြိုတင်ခွင့်ပြုချက်တောင်းခံရမှာဖြစ်ပါတယ်။ဒါ့အပြင်တင်သွင်းသယ်ဆောင်ခြင်း၊သိုလှောင်ခြင်း၊ရောင်းချခြင်းလုပ်ငန်းရပ်များအတွက်စွမ်းအင်ဝန်ကြီးဌာနရဲ့ လုပ်ငန်းဆောင်ရွက်ခွင့်ပြုခြင်း လုပ်ထုံးလုပ်နည်းသတ်မှတ်ချက်များအတိုင်း ဆောင်
ရွက်ရမှာဖြစ်ပါတယ်။Re-exportစနစ်နဲ့ စက်သုံးဆီ တင်သွင်းလာတဲ့ လုပ်ငန်းရှင်
တစ်ဦးဟာ မိမိတင်သွင်းလာတဲ့စက်သုံးဆီတွေကို နိုင်ငံအတွင်းမှာဖြန့်ဖြူးရောင်းချခွင့်မရှိ သလိုဖြန့်ဖြူးရောင်းချခွင့်ကိုလည်းတင်းကျပ်စွာတားမြစ်ထားပါတယ်။တင်သွင်းတင်ပို့သူအနေနဲ့ စက်သုံးဆီအသင်းဝင်ဖြစ်ဖို့ လိုအပ်သလို ယခင်ကစက်သုံးဆီတင်သွင်းသယ်ဆောင်ခဲ့ဖူးတဲ့ အထောက်အထားတွေကိုတင်ပြရမှာဖြစ်ပါတယ်။တင်သွင်းလာတဲ့စက်သုံးဆီတွေရဲ့အရည်အသွေးနဲ့ပတ်သက်ပြီး ဆိပ်ကမ်းသို့ စက်သုံးဆီတင်ဆောင်လာတဲ့သင်္ဘော ဆိုက်ရောက်ချိန်မှာ စွမ်းအင်ဝန်ကြီးဌာနရဲ့ စက်သုံးဆီအရည်အသွေး စစ်ဆေးချက်(Lab Test Result)ကို ရယူရမှာဖြစ်ပါတယ်။
Re-exportစနစ်နဲ့တင်သွင်းလာတဲ့စက်သုံးဆီတွေကိုဆိပ်ကမ်းမှတစ်ဆင့်ပြည်တွင်းမှာအဆင့်ဆင့်သယ်ဆောင်ပြီး ပြည်ပသို့ပြန်လည်တင်ပို့ပြီးတဲ့အချိန်အထိ ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရမှာဖြစ်ပါတယ်။ လိုက် နာဆောင်ရွက်ခြင်းမရှိတဲ့  ကုမ္ပဏီလုပ်ငန်းရှင်ကို တည်ဆဲဥပဒေအရအရေးယူမှာဖြစ်တဲ့အပြင်ကုန်သွယ်လုပ်ငန်းခွန်ပေးသွင်းထားမှုကိုလည်းပြန်လည်အမ်းပေးမှာ မဟုတ်ပါဘူး။
လယ်ယာထွက်ကုန်စိုက်ပျိုးသီးနှံများကိုReexportစနစ်နဲ့ကုန်သွယ်ရာမှာစီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှသတ်မှတ်ထားတဲ့Re-exportလုပ်ထုံးလုပ်နည်းများနဲ့အညီဆောင်
ရွက်ရမှာဖြစ်ပါတယ်။ဒါ့အပြင်စိုက်ပျိုးရေးဦးစီးဌာနကသတ်မှတ်ထားတဲ့ဥပဒေ၊လုပ်ထုံးလုပ်နည်းများကိုလည်း လိုက်နာဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
ဒါ့ကြောင့်Reexportစနစ်နဲ့ကုန်တင်သွင်းတင်ပို့သူတွေအနေနဲ့သတ်မှတ်ထားတဲ့စည်းမျဉ်းစည်းကမ်းများကို လိုက်နာနိုင်ဖို့ အရေးကြီးလှပါတယ်။
Re-exportစနစ်နဲ့ ကုန်သွယ်မှုပြုသူများလိုက်နာရမယ့်စည်းကမ်းများRe-exportစနစ်နဲ့  စတင်ကုန်သွယ်မှုပြုမယ့်ကုမ္ပဏီတွေ၊ကုမ္ပဏီအသစ်စတင်တည်ထောင်သူတွေဟာလုပ်ငန်းများ စတင်မဆောင်ရွက်မီ ]]စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊Reexportစနစ်ဖြင့် ကုန်သွယ်မှုဆောင်ရွက်မည့်ကုမ္ပဏီများစိစစ်ရေးအဖွဲ့}}သို့သတင်းပေးပို့ဆောင်ရွက်ရမှာဖြစ်ပါတယ်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှခွင့်ပြုတဲ့Reexportသွင်းကုန်/ထုတ်ကုန်လိုင်စင်ခွင့်ပြုချက်များ ရရှိမှသာတင်သွင်းတင်ပို့ခွင့်ရရှိမှာ  ဖြစ်ပါတယ်။ လိုင်စင်မရရှိမီ ကြိုတင်၍
တင်သွင်းခြင်း၊ တင်ပို့ခြင်းများကို လုံးဝခွင့်ပြုမှာမဟုတ်ပါဘူး။ပြည်ပမှ  တင်သွင်းခြင်း၊ ပြန်လည်တင်ပို့ခြင်းတို့ကို လိုင်စင်လျှောက်ထားစဉ်ကတင်ပြထားတဲ့လမ်းကြောင်းအတိုင်းသာ သယ်ဆောင်ခွင့်ရှိပါတယ်။တင်သွင်းမယ့်အချိန်၊ ပြန်လည်တင်ပို့မယ့်အချိန်တို့ကို ရက်စွဲ၊
ဆိပ်ကမ်း ဒါမှမဟုတ် တင်ပို့/တင်သွင်းမယ့်စခန်း တို့ကို ဖော်ပြပြီးMonitoring
လုပ်မယ့်အဖွဲ့အစည်းထံသို့ဆက်သွယ်တင်းပေးပို့ရမှာဖြစ်ပါတယ်။မိမိတင်ပို့လိုက်တဲ့ကုန်ပစ္စည်းတွေကိုကုန်လက်ခံမယ့်နိုင်ငံကအကြောင်းအမျိုးမျိုးကြောင့်အဲဒီကုန်စည်ကိုလက်မခံခဲ့ဘူးဆိုရင်မိမိအစီအစဉ်နဲ့ ကုန်ပစ္စည်းတင်သွင်းခဲ့တဲ့နိုင်ငံကို ပြန်လည်တင်ပို့ရမှာဖြစ်ပါတယ်။
တင်သွင်းတင်ပို့မယ့်ပစ္စည်းများနဲ့ ပတ်သက်ပြီး သတ်မှတ်ထားတဲ့ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်း မျဉ်းစည်းကမ်းတွေကိုလိုက်နာခြင်းမရှိ ဘူးဆိုရင်
Re-exportမှတ်ပုံတင်ကတ် ခွင့်ပြုထားမှုကိုပယ်ဖျက်သွားမှာဖြစ်တဲ့အပြင် တည်ဆဲဥပဒေ၊  လုပ်ထုံးလုပ်နည်းများနဲ့အညီ အရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။
Re-exportစနစ်နဲ့ကုန်သွယ်မှုပြုတဲ့အတွက်စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ရည်မှန်းချက်တစ်ရပ်ဖြစ်တဲ့ပို့ကုန်သုံးဆတိုးမြှင့်ရေးရည်မှန်းချက်ကိုအောင်မြင်အောင်ထောက်ပံ့
ပို့ဆောင်ပေးနိုင်မှာဖြစ်ပါတယ်။
Re-exportစနစ်ဟာနိုင်ငံတော်အတွက်ရော၊ကုန်သည်အတွက်ပါအကျိုးရှိစေတဲ့စနစ်တစ်ရပ်ဖြစ်ပါတယ်။ဒါပေမယ့်လည်းReexportစနစ်ဟာလွဲမှားနေတယ်လိုယူဆထားတဲ့ကုန်သည်တချို့လည်းရှိနေပါသေးတယ်။Re-exportစနစ်အစားTransitTradeကိုကျင့်သုံးဖို့ပြောကြားနေတာ သိရှိနေရပါတယ်။

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General