ပဲခူးတိုင်းဒေသကြီး (အနောက်) ရေဘေးအတွက် ဆန်အိတ် ငါးသောင်း ရောင်းချပေးမည်

ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့်  ရေဘေးအတွကအဆိုပါဒေသရှိ မြို့နယ်အသီးသီးမှ ဆန်
ကုန်သည်များ၊ ဆန်စက်ပိုင်ရှင်များကဆန်အိတ် စုစုပေါင်း ငါးသောင်းကို ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး (အနောက်)ရှိပြည်၊ ပန်းတောင်း၊  ရွှေတောင်၊ နတ်တလင်း၊ မိုးညို၊  လက်ပံတန်း၊ သာယာ
ဝတီ မြို့များမှ ရေကြီးနစ်မြုပ်ဒေသများသို့သွားရောက် လှူဒါန်းလိုသည့် မည်သည့်အလှူရှင်များမဆို   နီးစပ်ရာမြို့နယ်
များတွင် ဆန်အလွယ်တကူ ဝယ်ယူရရှိနိုင်ရန်နှင့် ဆန်ဈေးနှုန်း  တည်ငြိမ်စေရန်ရည်ရွယ်၍ ပဲခူးတိုင်း(အနောက်) ဆန်
စက် လုပ်ငန်းရှင်များအသင်းနှင့် ဆန်ကုန်သည်ကြီးများအသင်းမှ  စက်ပိုင်ရှင်များ၊ ဆန်ကုန်သည်ကြီးများ၊  မြန်မာ့
ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့မှ ဝန်ထမ်းများ၊         စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းများပူးပေါင်း၍ ပေါင်းတည်မြို့၊
စားသုံးသူရေးရာ    ဦးစီးဌာနရုံးတွင်သြဂုတ် ၈ ရက်က အစည်းအဝေးကျင်းပခဲ့သည်။
အဆိုပါ အစည်းအဝေးတွင် ၂၅မှတ်ဆန် ၁၀၈ ပေါင်   တစ်အိတ်လျှင်ကျပ် ၁၈၀ဝ၀ နှုန်းဖြင့် ဆန်အိတ်၅၀ဝ၀ဝ ရောင်းချပေးနိုင်ရန်ညှိနှိုင်းဆုံးဖြတ် ခဲ့ကြသည်။ရေဘေးသင့်ဒေသများအတွက်ဆန်အိတ်များဝယ်ယူ  လှူဒါန်းလိုပါကပြည်မြို့မှ   ဦးဇော်ထက်ပိုင်   (ဖုန်း -ဝ၉၅၃၁၁၁၅၈) ၊    ဦးခင်ကြိုင် (ဖုန်း-ဝ၉၅၃၁၁၁၁၀)၊  ဦးမြတ်သူ (ဖုန်း -ဝ၉၅၃၁၀၁၁၇ ) တို့ထံတွင် ဆန်အိတ်  ၅၅၀ဝ ပေါင်းတည်မြို့မှ ဦးထင်ဇော်လှိုင်(ဖုန်း - ဝ၉၅၃၁၀၂၇၀)၊ ဦးမြတ်ထွန်(ဖုန်း-ဝ၉၅၃၁၁၁၀၁)၊ ဦးမင်းလွင်ဦး(ဖုန်း-ဝ၉၅၃၁၀၅၆၈)၊ ဦးဇော်မိုး (ဖုန်း-ဝ၉၅၃၁၀၉၃၈) တို့ထံတွင် အိတ် ၅၅၀ဝဇီးကုန်းမြို့မှ     ဦးလှသိန်း (ဖုန်းဝ၉၅၃၆၃၁၉၅ )ထံတွင် အိတ် ၅၅၀ဝ၊ကြို့ပင်ကောက်မြို့မှ ဦးသိန်းထွန်း (ဖုန်းဝ၉၅၃၇၄၄၄၇)ထံတွင် အိတ် ၅၅၀ဝ၊အုတ်ဖိုမြို့မှ    ဦးခင်မောင်ချို (ဖုန်း -ဝ၉၅၀၄၆၆၀၂)ထံတွင် အိတ် ၅၅၀ဝ ၊
မင်းလှမြို့မှ      ဦးလူမော်(ဖုန်း -ဝ၉-၄၃၃၉၉၃၃၃) ထံတွင်   အိတ် ၆၀ဝ၀၊လက်ပံတန်းမြို့မှ     ဦးလှဦး  (ဖုန်း-ဝ၉၇၈၀၇၈၀၁၁၁)၊ ဦးရဲထွန်းဦး (ဖုန်း-ဝ၉၅၃၇၂၄၄၄) တို့ထံတွင် အိတ် ၅၅၀ဝ၊ သာယာဝတီမြို့မှ ဦးထွန်းလင်းအောင်ဖုန်း - ဝ၉၅၃၆၀၇၄၅) ထံတွင် အိတ်
၅၅၀ဝ စုစုပေါင်း အိတ် ၅၀ဝ၀ဝ ကိုသြဂုတ် ၈ ရက်မှစ၍ ရောင်းချပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။ထွန်းမင်းထွန်း(ပြည်

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General