မကွေးဈေးကွက်မှာ ပဲစင်းငုံနီနဲ့ ပဲတီစိမ်းဈေးကျ

 ဒီတစ်ပတ် မကွေးဈေးကွက်မှာ ပဲစင်းငုံနီနဲ့ ပဲတီစိမ်းဈေး ကျဆင်းခဲ့ပါတယ်။ ပဲစင်းငုံနီအနေနဲ့ ယခင်တစ်ပတ်က တစ်ပိဿာ ၂၁၇၅ ကျပ်ရှိခဲ့ပြီး ယခုတစ်ပတ်မှာ တစ်ပိဿာ ကျပ် ၂၀၆၀ (တစ်တန်ကို ၁၂၆၁၅၂၃ ကျပ်) သာရှိခဲ့တာမို့ ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ပါက တစ်ပတ်အတွင်းတစ်တန်ကို ကျပ် ၇၀ဝ၀ဝ ခန့် ဈေးကျဆင်းခဲ့ပါတယ်။   ပဲစင်းငုံနီ အရောင်းအဝယ်ဖြစ်မှုမှာ တစ်နေ့ကို အိတ် ၂၀ဝ ခန့်ရှိကြောင်း သိရပါတယ်။ အလားတူ ပဲတီစိမ်းကလည်း ယခင်တစ်ပတ်က တစ်ပိဿာ  ကျပ် ၁၄၂၀ ရှိခဲ့ပြီး ယခုတစ်ပတ်မှာ တစ်ပိဿာ ၁၂၆၅ ကျပ် (တစ်တန်ကို ၇၇၄၆၇၃ ကျပ်) သာရှိခဲ့တဲ့အတွက် ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ပါ က တစ်တန်ကို ကျပ်၉၅၀ဝ၀ခန့် ဈေးကျဆင်းခဲ့ပါတယ်။ ပဲတီစိမ်းကတော့ တစ်နေ့ကို အိတ်၂၀ဝခန့်အရောင်းအဝယ်ဖြစ်ကြောင်းလည်း သိရပါတယ်။ နှမ်းမျိုးစုံအနေနဲ့ကတော့ နှမ်းဖြူတစ်ပိသာကျပ်၂၀၄၅၊နှမ်းညိုတစ်ပိသာ ကျပ်၁၄၉၀ ၊နှမ်းနက်ရိုးရိုးတစ်ပိသာ ကျပ်၂၁၈၀၊နှမ်းနက်စမုံတစ်ပိသာ ကျပ်၃၆၉၀၊နဲ့အဝယ်ဖွင့်ခဲ့တာကြောင့် ယခင်တစ်ပတ်နဲ့နှိုင်းယှဉ်ပါက နှမ်းနက်စမုံဈေးတက်ခဲ့ပြီး နှမ်းဖြူကတော့ဈေးကျခဲ့ပါတယ်၊ တစ်ပတ်အတွင်းမှာနှမ်းမျိုးစုံအိတ်၅၀ဝနဲ့၉၀ဝ ကြားအရောငး်အဝယ်ဖြစ်ခဲ့   ကြောင်းလည်းသိရပါတယ်။
 

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General