စလစ်ဈေးတန်း မြင့်တက်ကာ ကျပ်သိန်း ၁၀ဝ ကျော်သို့ ရောက်ရှိ

ယခု ရက်သတ္တပတ် သြဂုတ်လဆန်းပိုင်းက ရန်ကုန်မြို့ ကားဈေးကွက်၏ အခြေအနေမှာ မိုးရွာသွန်းမှုများပြားလာမှု နှင့်အတူ အရောင်းအဝယ်များနည်းပါးသွားကာ  ဈေးကွက် အေးသွားကြောင်း

သိရသည်။
ဇူလိုင်နောက်ဆုံးပတ်က သတ်မှတ်ခဲ့သော ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏  ထုတ်ပြန်ကြေညာချက် ကြောင့်  လိုက်ထရပ်ကုန်တင်ယာဉ်အုပ်စု အကျပ်အတည်း တွေ့သွားပြီး စလစ်ဈေးတန်း

တစ်ဟုန်ထိုးတက်ကာ သိန်း ၁၀ဝ အထက် ၁၀၃ သိန်းမှ ၁၀၅ သိန်းသို့ ရောက်ရှိသွားကြောင်း သိရသည်။
အဆိုပါကြေညာချက်ကြောင့် လက်ထဲစလစ်ရှိသူများ ဈေးတင်ရောင်းသလို  အို^ဟောင်း အပ်ကားများလည်း ဈေးမြင့်တက်လာကာ စလစ်ကပ်ကားများ အရောင်းအဝယ် အေးစက်သွားကြောင်း

လှိုင်မြို့နယ် ယာဉ်ရောင်းဝယ်ရေး စခန်းမှ ဝါရင့်အကျိုးဆောင်ကိုမြင့်ကျော်က ပြောသည်။ ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ကလည်း ရန်ကုန်မြို့၏ မော်တော် ယာဉ် မူဝါဒနှင့်ပတ်သက်၍ တစ်စုံတစ်ရာ

ထုတ်ပြန်ပေးခြင်း မရှိသေးသဖြင့် ဖရီးပါမစ်ကားလေးများ၏ ဈေးတန်းများ လည်း ပိုမိုမြင့်တက်လာကာ နယ်လိုင်စင်ဖြင့် လတ်တလော ဝယ်ယူစီးနင်းသူများလည်း  မူဝါဒအပြောင်းအလဲအကြား

သတင်းများကြောင့် ထပ်မံ၍ဝယ်ယူမှု အားနည်းပါးသွား ကြောင်း ၎င်းင်းက ပြောသည်။
ကားလောက၏ အဓိကဈေးကွက်ဖြစ်သော ရန်ကုန် ဈေးကွက်တွင် ယခုကဲ့သို့ မတင်မကျအနေအထားရှိနေ၍ ဈေးကွက်အေးစက်သွားကာ  စလစ်ကပ်ကားများဆိုလျှင် ၂၅ သိန်းခန့်

ဖရီးပါမစ်ယခင်ကားလေးများ (ရန်ကုန်လိုင်စင်) မှာ ယခင်ကထက် ၁၀ သိန်းကျော် ထပ်မံဈေးမြင့်တက်လာကြောင်း သိရသည်။
 

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General