ချင်းပြန်လည်တင်ပို့

ဇူလိုင် ၂၄ ရက်မှ ၃၀ ရက်သီတင်းပတ်အတွင်း  ပင်လယ်ရေကြောင်းလမ်းမှ ချင်း ၈ ဒသမ ၇၅ တန်ကို စင်ကာပူနိုင်ငံသို့ တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခင် သီတင်းပတ်တင်ပို့မှု ပျောက်ခဲ့တဲ့ချင်းက ဒီတစ်ပတ်မှ ပြန်လည်တင်ပို့နိုင်ခဲ့ခြင်းဖြစ် ပါတယ်။
လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် ဇွန်လမှာ ချင်း ၁၆၂တန်ကျော်တင်ပို့နိုင်ခဲ့ပြီး ဇူလိုင်လမှာ ၂၈ တန်ကျော်သာ တင်ပို့နိုင်ခဲ့တာကြောင့် ဇူလိုင်လမှာ ချင်းတင်ပို့မှု တော်တော်လေးလျော့နည်းခဲ့ပါတယ်။ဇူလိုင်လအတွင်းချင်းတင်ပို့မှုမှ ကန်ဒေါ်လာ ၄၂၉၂၂ ဝင်ငွေရရှိခဲ့တယ်လို့ သိရပါတယ်။                           
  သီတာဝင်း(DOT)
 

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General