-ပြည်ပဲဈေးကွက်သို့ ပဲတီစိမ်းသစ်များ စတင်ဝင်ရောက်လာ

သဂုတ်လ ပထမပတ်အတွင်း ပြည်ပဲဈေးကွက်သို့ ပဲတီစိမ်း သစ်များ စတင် ဝင်ရောက်ခဲ့တာကို တွေ့ရပါတယ်။  ပေါင်းတလည်၊  ပေါက်ခေါင်း၊ ပန်းတောင်း၊ ကံမမြို့နယ်များမှ ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး အိတ် ၃၀ဝ ကျော်အထိ ဝင်ရောက်ခဲ့ပါ တယ်။ ပဲဈေးမှာ တစ်တင်း  ကျပ် ၂၅၅၀ဝ ဖြင့်သာ ဈေးစဖွင့်ခဲ့ပြီး မန္တလေးဝယ်လက် ကတော့ နေ့စဉ်ဝယ်ယူနေတယ်လို့ သိရပါတယ်။
ယခုနှစ် ပဲတီစိမ်းဈေးများမှာ တစ်တင်း ကျပ် ၂၅၅၀ဝ သာရရှိခဲ့လို့ ယခင် နှစ်က ဈေးကို မမီခဲ့ဘဲ ဈေးအေးခဲ့တာတွေ့ရပြီး ယခင်နှစ်က ပဲတီစိမ်းအဖွင့်ဈေးမှာ တစ်တင်း ကျပ် ၃၅၀ဝ၀ကျော် ရရှိနေခဲ့လို့ ဈေးကောင်းခဲ့တဲ့နှစ်ဖြစ်ပါတယ်။ ပြည်ပဲ ဈေးကွက်မှာ ပဲတီစိမ်းသီးနှံကို မန္တလေးဝယ်လက်က အဓိကထားဝယ်ယူလျက်ရှိ ကြောင်း သိရပါတယ်။                                                                         ခင်ဆွေဝင်း
 

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General