ပရဆေး အပို့ရော အသွင်းပါရှိ

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှတစ်ဆင့် ဇူလိုင်လ တတိယပတ်တွင် အမေရိကန် ဒေါ်လာ သုညဒသမ ၃၅၄ သန်း တန်ဖိုးရှိ ပရဆေးကုန်ကြမ်းအမယ် ၁၁ မျိုး၊ ၁၉၃ တန်ခွဲ တင်ပို့ခဲ့ပါတယ်။  တင်ပို့ခဲ့တဲ့ ပရဆေးကုန်ကြမ်းတွေကတော့ မာလာဥခေါင်း၊ တောချင်း၊ တောင်လုံးကျော်၊ ဆီးဆန်၊  ရွေးရွက်၊ နေလဲစေ့၊ မိကျောင်း ကွမ်းဖတ်စေ့ ၊ ချဉ်ပေါင်ဖာလာ၊ ဝဥခြောက် ၊ ဒရင်ကောက်မြစ်နဲ့  ကွမ်းစားဂမုန်းတို့ဖြစ်ပါတယ်။ အလားတူ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ လည်း အမေရိကန်ဒေါ်လာ ၂၀၆၈၅၀ တန်ဖိုးရှိ ကြက်ဆူစေ့ ၂၉၅ တန်ခွဲ တင်ပို့ ခဲ့ပါတယ်။
မြန်မာ-ထိုင်း နယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှလည်း အမေရိကန်ဒေါ်လာ ၂၉၂၈၉ တန်ဖိုးရှိ နွယ်ချို ၃၆ တန်ခွဲ တင်ပို့ခဲ့ပါတယ်။ ပရဆေးကုန်ကြမ်းတွေကို တင်ပို့မှုရှိသလို တင်သွင်းမှုလည်းရှိတာ တွေ့ရပါတယ်။ မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၂၄၉၁၄ တန်ဖိုးရှိတဲ့ တောင်လုံးကျော် တစ်တန်၊ ဆောင်းမေခါး တစ်တန်နဲ့ ဟင်းရိုင်း နီ တန်ဝက်ခန့် တင်သွင်းခဲ့ပြီး ရိဒ်ကုန်သွယ်ရေးစခန်းမှလည်း အမေရိကန်ဒေါ်လာ ၆၀ဝ၀ တန်ဖိုးရှိ တောင်လုံးကျော် တန်ဝက်နီးပါးကို တင်သွင်းမှုရှိခဲ့တယ်လို့ သိရပါတယ်။

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General