တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံသို့ ကော်ဖီစေ့တင်ပို့

ဇူလိုင် တတိယပတ်တွင် မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၅၂၀ဝ၃ တန်ဖိုးရှိ ကော်ဖီစေ့ ၅၁ တန်၊ မြန်မာ-ထိုင်းနယ်စပ်ရှိ  တာချီလိတ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၁၉၉၄၈ တန်ဖိုးရှိ ကော်ဖီစေ့ ခြောက်တန်ခွဲတင်ပို့ခဲ့ပါတယ်။
ရွာငံဒေသထွက်ကော်ဖီသည် အထူးတန်းဝင်ကော်ဖီအဖြစ် ကမ္ဘာ့ ကော်ဖီဈေးကွက်တွင် သတ်မှတ်ခံထားရပြီး ထိုင်း၊ မလေးရှားနဲ့ တရုတ်နိုင်ငံတို့မှ ဝယ်ယူမှုများရှိကြောင်း၊ ရွာငံမြို့နယ်အတွင်း ကော်ဖီစိုက်ပျိုး ရေးလုပ်ငန်းကို ၂၀ဝ၆- ၂၀ဝ၇ ခုနှစ်က ကော်ဖီစိုက်ဧက ၄၀ဝ၀ ကျော်နဲ့ စတင်ခဲ့ပြီး ယခုအခါ ဧက ၇၄၀ဝ အထိရှိလာကြောင်း ရွာငံမြို့နယ်  ကော်ဖီအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
 

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General