တမူးကုန်သွယ်ရေးစခန်းမှပထမ သုံးလပတ် ကာလ ကုန်သွယ်မှုလျာထား ချက် ကျော်လွန်အောင်ဆောင်ရွက်နိုင်ပြီး ယခင်နှစ်ကာလတူ ထက်လည်း ပို မိုဆောင်ရွက်နိုင်
                                                    
                
	တမူးကုန်သွယ်ရေးစခန်းရဲ့ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်၊ ပထမသုံး လပတ်( ဧပြီ၊ မေ၊ ဇွန် ) လများအတွက် လျာထားချက်မှာ ပို့ကုန်အမေရိကန် ဒေါ်လာရှစ်သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ သုံးသန်းဖြစ်ပြီး ကုန် သွယ်မှု ပမာဏအနေနဲ့ အမေရိကန်ဒေါ်လာ ၁၁ သန်း လျာထားတာ ဖြစ်ပါတယ်။ အမှန်ဆောင်ရွက်နိုင်မှုအနေနဲ့ ပို့ကုန်မှာ အမေရိကန် ဒေါ်လာ ၁၂ ဒသမ ၁၅၁ သန်း၊ သွင်းကုန်မှာ   အမေရိကန်ဒေါ်လာ ၆ ဒသမ ၈၂၆ သန်း ဆောင်ရွက်နိုင်ခဲ့ပြီး ကုန်သွယ်မှုပမာဏအနေနဲ့ အမေ ရိကန်ဒေါ်လာ ၁၈ ဒသမ ၉၇၇ သန်း၊ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ပို့ကုန် အနေနဲ့  လျာထားချက်အပေါ်မှာ ၁၅၁ ဒသမ ၈၉ ရာခိုင်နှုန်း၊ သွင်းကုန် အနေနဲ့ လျာထားချက်အပေါ်မှာ ၂၂၇ ဒသမ ၅၃ ရာခိုင်နှုန်း၊ ကုန်သွယ်မှု ပမာဏအနေနဲ့ လျာထားချက်အပေါ်မှာ ၁၇၂ ဒသမ ၅၂ ရာခိုင်နှုန်း  အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါတယ်။
	ကာလတူဖြစ်တဲ့ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ( ဧပြီ၊ မေ၊ ဇွန် )လတွေရဲ့ အမှန်ကုန်သွယ်ဆောင်ရွက်မှုအနေနဲ့ ပို့ကုန်မှာ အမေရိကန် ဒေါ်လာ ၉ ဒသမ ၁၉၀ သန်း၊ သွင်းကုန်မှာ အမေရိကန် ဒေါ်လာ ၃ ဒသမ ဝ၂၉ သန်းဆောင်ရွက်နိုင်တာကို တွေ့ရှိရပါတယ်။ တမူး ကုန်သွယ်ရေး စခန်းရဲ့ ကုန်သွယ်မှု ဆောင်ရွက်နိုင်မှုဟာ ကာလတူနဲ့ နှိုင်းယှဉ်မယ် ဆိုရင်လည်း ပို့ကုန်မှာ အမေရိ ကန်ဒေါ်လာ ၂ ဒသမ ၉၆၁ သန်း၊ သွင်း ကုန်မှာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၇၉၇ သန်းနဲ့၊ ကုန်သွယ်မှုပမာဏ အနေဖြင့် ၆ ဒသမ ၇၅၈ သန်း ပိုမိုဆောင်ရွက်နိုင်ခဲ့ပါတယ်။
	တမူးကုန်သွယ်ရေးစခန်းမှ ပို့ကုန်မှာ လယ်ယာထွက်ကုန်ပစ္စည်း များဖြစ်တဲ့ ကွမ်းသီး၊ သရက်သီး၊ ငရုတ်ကောင်း၊ ပန်းသီးနဲ့ ဒေသထွက် မျောက်ငိုသီးကို ပိုမိုတင်ပို့နိုင်ခဲ့ပြီး သွင်းကုန်မှာ စားတော်ပဲ၊ ပဲရာဇာ၊ ကုလားပဲခြမ်းနဲ့ ဂျုံမှုန့်ကို ပိုမိုတင်သွင်း နိုင်ခဲ့တဲ့အတွက် ပထမ သုံးလပတ် ကုန်သွယ်မှုပမာဏလျာထားချက်အပေါ် ကျော်လွန်အောင် ဆောင်ရွက် နိုင်ခဲ့တဲ့အပြင်   အလားတူကာလထက်လည်း ကုန်သွယ်မှု ပိုမိုဆောင် ရွက်နိုင်ခဲ့ကြောင်း သတင်းရရှိပါတယ်။            
	တမူးကုန်သွယ်ရေးစခန်း
                        အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
                        
                        ကဏ္ဍ General