Normal TT စနစ်ဖြင့် တမူး- မိုရေးနယ်စပ်မှကွမ်းသီးများတိုးတက် တင်ပို့

မြန်မာ-အိန္ဒိယ နယ်စပ်ဖြစ်တဲ့ တမူး-မိုရေး နယ်စပ်လမ်းကြောင်းမှတစ် ဆင့်  Normal TT စနစ်နဲ့ ကွမ်းသီးများ တိုးတက်တင်ပို့လျက်ရှိနေပြီ ဖြစ်ပါ တယ်။
မြန်မာ-အိန္ဒိယနယ်စပ် တမူး-မို ရေးမှာ  Normal TT စနစ်ဖြင့် ကုန်သွယ် မှု ဆောင်ရွက်နိုင်တဲ့ ကုမ္ပဏီအရေ အတွက် ဟာလည်း မြန်မာဘက်အနေနဲ့ ၁၁ ခုရှိပြီး အိန္ဒိယဘက်အနေနဲ့ ၁၀ ခု ရှိလာပြီဖြစ်ပါတယ်။
မြန်မာကုန်သည်တွေအနေနဲ့ အိန္ဒိယနိုင်ငံမှ  မြန်မာနိုင်ငံသို့  တစ်ဖက် သတ် ပေးအပ်သော အကောက် ခွန် သက်သာကင်းလွတ်ခွင့်ပြုသည့် အစီ အစဉ် ( ( Duty Free Tariff Preference = DFTP )  Certificate   of   Origin Form  အသုံးပြု တင်ပို့လာတဲ့အတွက် အကောက်ခွန်သက်သာခွင့်  ရရှိလာပြီး Normal TT  ဖြင့် ကွမ်းသီးတင်ပို့မှုဟာ ၂၀၁၆ ခုနှစ် ဧပြီလမှာတန်ချိန် ၄၂၀ ၊ မေလမှာ တန်ချိန် ၇၈၀၊ ဇွန်လမှာ တန် ချိန် ၁၁၄၀ အထိ တိုးတက်တင်ပို့နိုင်ခဲ့ပါ တယ်။ ၂၀၁၆ ခုနှစ် ဧပြီလမှ ဇွန်လအထိ သုံးလ ပတ်ကာလအတွင်း Normal TT   စနစ်ဖြင့် ကွမ်းသီးတင်ပို့မှုမှာ တန်ချိန် ၂၃၄၀ ဖြစ်ပြီး တင်ပို့မှုပမာဏ အနေနဲ့ လည်း အမေရိကန် ဒေါ်လာ ၆ ဒသမ ၁၂၄ သန်း ရရှိခဲ့ပါတယ်။     
အိန္ဒိယနိုင်ငံရှိ United Bank Of India (UBI )ဘဏ်သည် မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ကိုယ်စားလှယ်ရုံး ဖွင့်လှစ် ခဲ့ကာ မြန်မာနိုင်ငံမှ     မြန်မာ့ရင်းနှီး မြှုပ်နှံမှုနှင့်    ကူးသန်းရောင်းဝယ်ရေး ဘဏ်  (MICB )      မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် (MFTB) ၊ ဧရာဝတီ ဘဏ် ၊ ကမ္ဘောဇဘဏ်တို့နဲ့ ချိတ်ဆက် ဆောင်ရွက်လျက်ရှိပါတယ်။ ဒါကြောင့် လည်း အိန္ဒိယကုန်သည်တွေဟာ မိုရေး ရှိ (UBI)ဘဏ်ခွဲ၊ အင်ဖာရှိ (UBI)ဘဏ်ခွဲများမှ MICB MFTB၊ ဧရာဝတီ၊ ကမ္ဘောဇဘဏ်တွေမှာရှိတဲ့ မြန်မာကုန်သည်များရဲ့ ငွေစာရင်းသို့ ကွမ်းသီးဖိုးငွေကို ွှွှစနစ်ဖြင့် အမေရိ ကန် ဒေါ်လာနဲ့ ငွေလွှဲပို့လာကြပါတယ်။ ယခင်က မြန်မာ-အိန္ဒိယ   နယ်စပ်မှာ ကုန်ပစ္စည်းချင်း ဖလှယ်သည့် စနစ်ကို ကျင့်သုံးခဲ့ပေမယ့် ၂၀၁၅ ခုနှစ် ဒီဇင် ဘာ ၁ ရက်မှစတင်ကာ အဆိုပါစနစ် ကို ရပ်ဆိုင်းတော့မယ်လို့ အိန္ဒိယဗဟို ဘဏ်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ နယ်စပ်ဒေသတွေမှာ ဘဏ်လုပ်ငန်း တွေ ဖွံ့ဖြိုးတိုးတက်လာပြီဖြစ်တဲ့အတွက် အခုလို   ကုန်ပစ္စည်းချင်း  ဖလှယ်တဲ့ ကုန်သွယ်မှု စနစ်ကို ရပ်ဆိုင်းရတာဖြစ် တယ်လို့ အိန္ဒိယနိုင်ငံမှာ ထုတ်ဝေတဲ့The Economic Timeသတင်းစာမှာ ဖော်ပြ ခဲ့ပါတယ်။
အဲဒီနောက်မှာ မြန်မာနိုင်ငံမှ သက်ဆိုင်ရာဌာနများက ဗဟိုဘဏ်နဲ့ ချိတ်ဆက်ပြီး နှစ်နိုင်ငံဘဏ်များနဲ့  Normal  စနစ်ဖြင့် ကုန်သွယ်မှုဆောင် ရွက်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ခဲ့ကြပါ တယ်။ တမူး-မိုရေး   နယ်စပ်မှာရှိတဲ့ နှစ်နိုင်ငံ  ကုန်သည်များအနေနဲ့လည်းNorma  စနစ်ဖြင့် ကုန်သွယ်မှု ဆောင် ရွက် နိုင်ရေး  ညှိနှိုင်းချိတ်ဆက်ဆောင် ရွက်ခဲ့ကြပေမယ့်  ၂၀၁၆ ခုနှစ်၊ မတ်လ အထိ  Normal စနစ်ဖြင့်   ကွမ်းသီးတန် ၂၀ သာ တင်ပို့နိုင်ခဲ့ပါတယ်။    
အခုလက်ရှိ အချိန်မှာတော့ ဘဏ်လုပ်ငန်းများ တွင်တွင်ကျယ် ကျယ် ဆောင်ရွက်နေပြီ ဖြစ်တဲ့အတွက် ၂၀၁၆ ဧပြီမှ ဇွန်လအတွင်း ကွမ်းသီး တန်ချိန် ၂၃၄၀ တန် တင်ပို့နိုင်ခဲ့တာ ဖြစ်ပါတယ်။
တမူးကုန်သွယ်ရေးစခန်း

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General