ဆန်ချောနဲ့ ဆန်ကြမ်း(ရှယ်) တွေ အဝယ်လိုက်

ယခုတစ်ပတ်အတွင်းရန်ကုန်မြို့ ဝါးတန်းကုန်စည်ဒိုင် မှာ ဆန်ချော (ရှယ်) နဲ့ ဆန်ကြမ်း(ရှယ်) ကြီးတွေ အဝယ်လိုက် လို့ အရောင်းအဝယ်သွက်နေတယ်လို့ သိရပါတယ်။ မူဆယ် ဆန်ဈေးကွက်ကတော့ ဆန်ကားတွေအဝင်နည်းပြီး အရောင်း အဝယ်လည်း  ပါးနေတယ်။ အရောင်းအဝယ်ပြန်ဖြစ်တာ တစ် ပတ်လုံးမှာ နှစ်ရက်လောက်ပဲရှိသေးတယ်လို့ မူဆယ် ဆန်ဈေး ကွက်မှ  သိရှိရပါတယ်။
ဇူလိုင် ၂၈ ရက် ဝါးတန်းကုန်စည်ဒိုင်ရဲ့ လက်ကားဈေး နှုန်းအရ ဆန်ချောဖြစ်တဲ့ ဖျာပုံပေါ်ဆန်းဆန်ထိပ်စ တစ်အိတ် ကျပ် ၃၅၅၀ဝ၊ လတ်စတစ်အိတ်  ကျပ် ၃၃၀ဝ၀၊   မြောင်းမြ ပေါ်ဆန်း ဆန်ထိပ်စတစ်အိတ် ကျပ် ၃၇၀ဝ၀၊ လတ်စတစ် အိတ် ကျပ် ၃၄၅၀ဝ၊ နယ်စုံပေါ်ဆန်းထိပ်စ  တစ်အိတ် ကျပ် ၃၅၀ဝ၀၊ လတ်စတစ်အိတ် ကျပ် ၃၂၅၀ဝနဲ့ ယခင်တစ်ပတ် အတိုင်းဈေးငြိမ်နေသော်လည်း ဆန်ချော (ရှယ်) ကြီးတွေက တော့ အဝယ်လိုက်လို့ အရောင်းအဝယ်သွက်နေတယ်လို့ သိရ ပါတယ်။
ဧည့်မထဆန်က   ထိပ်စတစ်အိတ်   ကျပ် ၂၃၀ဝ၀၊ လတ်စတစ်အိတ်ကျပ် ၂၁၅၀ဝ၊ နွေသီးထပ်ရှယ်က တစ်အိတ် ကျပ် ၁၉၀ဝ၀မှ ကျပ်  ၁၉၈၀ဝ၊  နွေဆန်ရက် ၉၀ တစ်အိတ် ကျပ် ၁၉၅၀ဝ မှ ကျပ် ၂၁၅၀ဝ၊  မနောသုခ တစ်အိတ်ကျပ် ၂၆၀ဝ၀မှ ကျပ် ၂၇၀ဝ၀၊ အိတ်စပို့ဧည့်မထဆန်  တစ်အိတ် ကျပ် ၁၇၂၀ဝ မှ ကျပ် ၁၇၅၀ဝ နဲ့ ဆန်ဈေးများ ဈေးငြိမ်နေပါ တယ်။  ဆန်ကြမ်း(ရှယ်) တွေလည်း  ဒီတစ်ပတ်အတွင်းမှာ အဝယ်လိုက်နေတယ်လို့  ဝါးတန်းကုန်စည်ဒိုင်ဈေးကွက်မှ သတင်းရရှိပါတယ်။
မူဆယ်ဆန်ဈေးကွက်မှာ  ဇူလိုင် ၂၉ ရက်ဈေးနှုန်းအရ ဧည့်မထ ၅ မှတ်၊ မှော်ဘီတစ်အိတ် ၁၄၃ မှ ၁၄၆ ယွမ်၊ စူပါ တစ်အိတ် ၁၄၆ မှ ၁၄၉ ယွမ်၊  ဧည့်မထ ၁၀ မှတ်၊ မှော်ဘီတစ် အိတ် ၁၃၈ မှ ၁၄၁ ယွမ်၊  စူပါတစ်အိတ် ၁၄၄ မှ ၁၄၅ ယွမ်၊ ငစိန် ၅ မှတ်တစ်အိတ် ၁၄၅ မှ၁၄၇ ယွမ်၊ ငစိန် ၂၅ မှတ်တစ် အိတ် ၁၃၀ မှ ၁၃၄ ယွမ်ရှိပြီး ဧည့်မထဆန်မှာ ယခင်တစ်ပတ် အတိုင်းဈေးငြိမ်နေပါတယ်။ ငစိန် ၂၅ မှတ်ကတော့ တစ်အိတ် ကို ၆ယွမ်ခန့်ဈေးကျသွားပါတယ်။
ယခုတစ်ပတ်လည်း  မူဆယ်ကို  ဆန်ကားတွေအဝင် နည်းတယ်။ မြစ်ရေကြီးပြီး မိုးကောင်းနေတာကြောင့်  သွား လာရေး အခက်အခဲဖြစ်တဲ့အတွက် အရောင်းအဝယ် သိပ်မ ဖြစ်ဘူး။ ဒီတစ်ပတ်အတွင်းမှာ အရောင်းအဝယ် စကောင်းတာ နှစ်ရက်၊ သုံးရက်လောက်ပဲရှိသေးတယ်လို့  မူဆယ်ဆန်ဈေး ကွက်မှသိရှိရပါတယ်။ ဇူလိုင် ၂၂ ရက်မှ ၂၈ ရက်အထိ မူဆယ် ကုန်စည်ဒိုင်သို့ နယ်စုံမှ  နေ့စဉ်ပြည်တွင်းဆန်ပျမ်းမျှအဝင် ၆၃၁ တန်ခန့်ရှိပြီး   ယွမ်ဈေးနှုန်းကတော့  ဇူလိုင် ၂၉ ရက် ငွေလဲနှုန်းအရ တစ်ယွမ်ကို ၁၇၇ ကျပ်နဲ့ ဈေးပိတ်ခဲ့တယ်လို့ သိရပါတယ်။                                                 
 

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General