ကုန်သွယ်ရေးစခန်းများမှ ဆန်တင်ပို့မှု လျော့ကျသော်လည်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ပိုမိုတင်ပို့

ဇူလိုင် ၁၆ ရက်မှ ၂၂ ရက်အထိ ရက်သတ္တပတ်အတွင်း  ကုန်သွယ်ရေး စခန်းများမှ   အမေရိကန်ဒေါ်လာ ၄ ဒသမ ၄၃၅ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၁၂၁၁၃ တန်ကျော်တင်ပို့ခဲ့ရာ  မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ  ငစိန်ဆန် တန် ၃၂၀ဝ၊ ဧည့်မထဆန် တန် ၁၃၀ဝ၊  ချင်းရွှေဟော်    ကုန်သွယ်ရေးစခန်းမှ ငစိန် ဆန် ၁၅၄ တန်ကျော်၊ လွယ်ဂျယ် ကုန်သွယ်ရေးစခန်းမှ ငစိန်ဆန် ၇၄၅၉ တန်ကျော် အသီးသီး  တင်ပို့ခဲ့ပါတယ်။ ဇူလိုင်လဆန်းပိုင်း   ပထမပတ်က  ဆန် တန်ချိန်  တစ်သောင်းခွဲကျော်  တင်ပို့နိုင် သော်လည်း ဒုတိယ၊ တတိယ၊ စတုတ္ထ ပတ်များမှာ ဆန်တင်ပို့မှု ဆက်တိုက်ကျ ဆင်းလာရာ   ယခုတစ်ပတ်တင်ပို့မှုမှာ လည်း ယခင်တစ်ပတ်ထက် ၈၆၃ တန် လျော့နည်းခဲ့ပါတယ်။   ကုန်သွယ်ရေး စခန်းများမှ ယခုတစ်ပတ်  အမေရိကန် ဒေါ်လာ သုညဒသမ ၃၃၉ သန်း တန်ဖိုး ရှိ   ဆန်ကွဲ ၁၀၄၃  တန်ကို မူဆယ်(၁၀၅) မိုင်မှ  တန် ၉၇၀၊  လွယ်ဂျယ်မှ ၇၃ တန် တင်ပို့ခဲ့ပြီး ယခင်တစ်ပတ်တင်ပို့မှုထက် တန်၆၅၀ ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။
ဇူလိုင် ၁၇ ရက်မှ ၂၃ ရက်အထိ ကာလအတွင်း     ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ   အမေရိကန်ဒေါ်လာ သုည   ဒသမ ၇၁၂ သန်း   တန်ဖိုးရှိ ဆန်ဖြူနဲ့ ပေါင်းဆန် တန် ၁၉၀ဝ ကို တရုတ်နဲ့ အီးယူနိုင်ငံများသို့ တင်ပို့ခဲ့ပါ တယ်။ တရုတ်နိုင်ငံသို့  ဧည့်မထဆန် တန် ၁၃၀ဝ၊အီးယူနိုင်ငံများသို့ ဧည့်မထ ဆန် တန် ၂၀ဝ နဲ့   ပေါင်းဆန်တန် ၄၀ဝ တင်ပို့ခဲ့ပြီး   ယခင်တစ်ပတ် ပင်လယ် ရေကြောင်း   ကုန်သွယ်မှုမှ တန် ၁၈၂၀ သာတင်ပို့ခဲ့လို့    ယခုတစ်ပတ်မှာ တန် ၈၀  ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။  ဆန်ပိုမို တင်ပို့နိုင်သော်လည်း  ယခုတစ်ပတ်မှာ ဆန်ကွဲတင်ပို့မှု  လျော့နည်းခဲ့ပါတယ်။ အမေရိကန်ဒေါ်လာ   ၁ ဒသမ ၅၄၉ သန်းဖိုးရှိ     ဆန်ကွဲ ၅၆၅၀ တန်  ကို အီးယူနိုင်ငံများသို့     တင်ပို့ခဲ့ပြီး ယခင် တစ်ပတ်တင်ပို့မှုထက်   ၂၇၂၅ တန် လျော့နည်းခဲ့ကြောင်း သိရှိရပါတယ်။
 

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General