တရုတ်ပြည်သို့ဝါဂွမ်း ပုံမှန်တင်ပို့

ငွေချည်-၆ ချည်မျှင်ရှည်ဝါ စိုက်ပျိုးမှုကို တောင်တွင်းကြီး၊ ပျော်ဘွယ်၊ ရမည်းသင်း၊စလေ၊ ချောက်၊ အောင်လံ၊ပေါင်းတည်နဲ့ ဝက်ထီးကန်ဒေသတွေမှာ အများဆုံး စိုက်ပျိုးကြပြီး တရုတ်နိုင်ငံဈေးကွက်သို့အဓိကတင်ပို့ ရောင်းချလျက်ရှိပါတယ်။မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ဇူလိုင် ဒုတိယပတ် တွင်အမေရိကန်ဒေါ်လာ ၁၀၅၆၀ဝတန်ဖိုးရှိ ဝါဂွမ်း ၄၈တန် တင်ပို့ခဲ့ပါတယ်။ငွေချည် -၆ ဝါကို ၂၀၁၄ ခုနှစ်မတ်လမှစတင်တင်ပို့ခွင့် ပြုခဲ့ရာလိုင်စင်ဈေး မှာ တစ်တန်ကို အမေရိကန်ဒေါ်လာ ၂၂၀ဝ ရှိတယ်လို့ သိရပါတယ်။

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General