တရုတ်၊ ထိုင်းနဲ့အိန္ဒိယနယ်စပ်များမှ ဆိုင်ကယ်နဲ့ သုံးဘီးဆိုင်ကယ်များတင်သွင်း
                                                    
                ဇူလိုင်ဒုတိယပတ်အတွင်း တရုတ်၊ထိုင်းနဲ့ အိန္ဒိယနယ်စပ်များမှ အမေရိကန်ဒေါ်လာ ၆ ဒသမ ၄၈၅ သန်းတန်ဖိုးရှိဆိုင်ကယ်မျိုးစုံ ၁၃၅၈၄စီးတင်သွင်းခဲ့ ပါ တယ်။ယခင်တစ်ပတ်ထက် ထိုင်းနယ်စပ်နဲ့ အိန္ဒိယနယ်စပ်တို့မှပိုမိုတင်သွင်းခဲ့သော်လည်း တရုတ်နယ်စပ်မှဆိုင်ကယ်တင်သွင်းမှုလျော့ကျခဲ့သဖြင့်နယ်စပ် သုံးခုမှ ဆိုင်ကယ်ဝင်ရောက်မှု၁၄၁၁ စီးလျော့နည်းခဲ့တယ်လို့ ကုန်သွယ်ရေးဇုန်နဲ့ကုန်သွယ်ရေး စခန်းများမှ သိရပါတယ်။ဆိုင်ကယ်တင်သွင်းမှုအခြေ အနေကိုကြည့်ပါ ကတရုတ်နယ်စပ်ဖြစ် တဲ့ မူဆယ်ကုန်သွယ်ရေးဇုန်မှ၁၁၅၈၉ စီး၊ကန်ပိုက်တီးကုန်သွယ်ရေး စခန်းမှ အစီး ၆၀ ၊ထိုင်းနယ်စပ်ဖြစ်တဲ့ မြဝတီကုန်သွယ်ရေး ဇုန်မှ ၁၈၁၀ စီး၊ အိန္ဒိယ နယ်စပ်ဖြစ်တဲ့တမူးကုန်သွယ်ရေး စခန်းမှ ၁၂၅ စီးအသီးသီး တင်သွင်းခဲ့ တယ်လို့သိရပါတယ်။ ကန်ပိုက်တီးကုန် သွယ်ရေးစခန်းမှ ဇူလိုင် ဒုတိယပတ်မှာ တင်သွင်းလာတဲ့ ဆိုင်ကယ်တံဆိပ်များ ကတော့ မြညေိ နြတ ၂၀၁၆ ွှသပသာထေ ၁၂၅ယ နဲ့ မြညေိ နြတ ၂၀၁၆ ငူ်္ပာသ ၁၂၅ တို့ဖြစ် ပါတယ်။ အဆိုပါဆိုင်ကယ်များ အပြင် ကန်ပိုက်တီး ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ သုည ဒသမ ဝ၇၂ သန်းတန်ဖိုးရှိ သုံးဘီးဆိုင်ကယ်၅၇ စီး၊ မူဆယ်ကုန်သွယ်ရေးဇုန်မှ အမေရိ ကန်ဒေါ်လာ သုည ဒသမ ၂၃၉ သန်းတန်ဖိုးရှိ သုံးဘီး ဆိုင်ကယ် ၁၇၆ စီးပါ တင်သွင်းနိုင်တယ်လို့ ကုန်သွယ်ရေး ဇုန်နဲ့ ကုန်သွယ်ရေးစခန်းများမှ သတင်း ရရှိပါတယ်။
                        အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
                        
                        ကဏ္ဍ General