ယမန်နှစ် ကာလတူထက် သွင်းကုန်လျော့နည်းသော်လည်း ပို့ကုန်ပိုမို

ယခုဘဏ္ဍာနှစ်ဇူလိုင် ၉ရက်မှ ၁၅ရက်အထိရက်သတ္တပတ်အတွင်း ပို့ကုန်၊သွင်းကုန်အခြေအနေမှာ ပို့ကုန် တန်ဖိုး အမေရိကန်ဒေါ်လာ ၂၇၇ဒသမ ဝ၉၂ သန်း၊ သွင်းကုန်တန်ဖိုး အမေ ရိကန်ဒေါ်လာ ၃၀၉ဒသမ ဝ၄သန်း ဆောင်ရွကေ်နိုင်ခဲ့တဲ့အတွက် ကုန်သွယ် မှုပမာဏ အမေရိကန် ဒေါ်လာ ၅၈၆ ဒသမ ၁၃၂သန်း ရရှိခဲ့ပါတယ်။ကုန်သွယ်မှုလိုငွေမှာ ၃၁ ဒသမ ၉၄၈သန်း ဖြစ်ပြီး ဆန်နဲ့မတ်ပဲတင်ပို့မှုလျော့နည်း ခဲ့ခြင်းကြောင့် ဖြစ်ပါတယ်။ယခု ရက်သတ္တပတ် အတွင်းပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ပို့ကုန် ၁၄၆ဒသမ ၅၀၂သန်းနဲ့ ကုန်သွယ်ရေးစခန်းများမှ ကုန်သွယ်မှုမှာ ၁၃၀ဒသမ ၅၉သန်း ဆောင် ရွက်နိုင် ခဲ့ပြီး၊ပို့ကုန်စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၇၇ ဒသမ ဝ၉၂သန်း၊ သွင်းကုန်မှာ ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ၂၅၁ ဒသမ ၁၃သန်းနဲ့ ကေုန်သွယ်ရေး စခန်းများမှ ၅၇ဒသမ ၉၁သန်း စုစု ပေါင်း အမေရိကန်ဒေါ်လာ ၃၀၉ဒသမ ဝ၄သန်း ဆောင်ရွက်နိုင်ခဲ့ပါတယ်။၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်စမှ ဇူလိုင် ၁၅ရက် အထိ ပို့ကုန် တင်ပို့ နိုင်မှုမှာ ပင်လယ်ရေကြောင်း ကုန်သွယ် မှုမှ အမေရိကန်ဒေါ်လာ ၁၈၂၄ ဒသမ ၁၃သန်း၊ ကုန်သွယ်ရေးစခန်းများမှ ၁၁၄၇ ဒသမ ၂၅၆သန်း၊ပို့ကုန် စုစု ပေါင်း အမေရိကန်ဒေါ်လာ ၂၉၇၁ ဒသမ ၃၈၆သန်း၊ သွင်းကုန်မှာ ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၃၆၂၀ ဒသမ ၅၉၆သန်း၊ ကုန်သွယ်ရေးစခန်းများမှ ၇၂၁ဒသမ ၃၁၈သန်းသွင်းကုန် စုစုပေါင်း အမေရိကန်ဒေါ်လာ ၄၃၄၁ ဒသမ၉၁၄သန်း၊ ကုန်သွယ်မှုပမာ ဏ အမေရိကန်ဒေါ်လာ ၇၃၁၃ ဒသမ ၃သန်း အကောင်အထည်ဖော် ဆောင် ရွက်ခဲ့ပြီး ဖြစ်ပါတယ်။ယမန်နှစ်ကာလတူ နဲ့ နှိုင်းယှဉ် ပါက ပို့ကုန် အမေရိကနေ် ဒါ်လာ ၃၇ ဒသမ ၃၃၅သန်း အသာစီးရနေပြီး သွင်းကုန်မှာ ၅၃၉ ဒသမ ၅၇၇ သန်း လျော့နည်းခဲ့ပါတယ်။ ထိုသို့ သွင်းကုန် လျော့နည်းရခြင်းမှာ ပင်လယ်ရေ ကြောင်း ကုန်သွယ်မှုမှ ၅၆၆ ဒသမ ၉၂၇သန်း လျော့နည်းပြီး ကုန်သွယ်ရေး စခန်းများမှ ၂၇ ဒသမ ၃၅သန်း ပိုမိုခဲ့တဲ့ အတွက် ဖြစ်ပါတယ်။ ဒါကြောင့်ကာလတူထက် ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ ၅၀၂ ဒသမ ၂၄၂သန်း လျော့နည်းနေကြောင်း စာရင်းဇယားများအရ သိရှိရပါတယ်။

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General