စစ်တွေကုန်သွယ်ရေးစခန်းမှ ရေချိုငါးမြစ်ချင်း တန် ၈၀ ကျော်တင်ပို့

ဇူလိုင်လ ဒုတိယပတ်မှာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဖြစ်တဲ့  စစ်တွေ ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ သုညဒသမ ဝ၈၆ သန်းတန်ဖိုးရှိ ရေချို ငါးမြစ်ချင်း  ၈၄ တန်ခန့်ကို တင်ပို့ခဲ့ပါတယ်။ ပြီးခဲ့တဲ့  ဇူလိုင်ပထမပတ်မှာ  တင်ပို့မှု မရှိဘဲ  ဇူလိုင် ဒုတိယပတ်မှာသာ တင်ပို့တာတွေ့ရပါတယ်။
ဇွန်တစ်လလုံး စစ်တွေကုန်သွယ်ရေးစခန်းမှ  အမေရိကန်ဒေါ်လာ သုည ဒသမ ၂၃၅ သန်းတန်ဖိုးရှိ ရေချိုငါးမြစ်ချင်း ၂၂၄ တန်ကို တင်ပို့ခဲ့ပါတယ်။ ယခု တစ်ပတ်မှာ စစ်တွေကုန်သွယ်  ရေးစခန်းမှ ရေချိုငါးမြစ်ချင်းအပြင် အမေရိကန် ဒေါ်လာ သုညဒသမ ဝ၁၈ သန်း   တန်ဖိုးရှိ   ချင်းအစို ၂၃ တန် ၊  အမေရိကန်ဒေါ်လာ သုညဒသမ ဝ၀၂ သန်း တန်ဖိုး ရှိ  ဆီးယိုထုပ် ၇ တန်၊  အမေရိကန်ဒေါ်လာ သုညဒသမ ဝ၀၄ သန်း တန်ဖိုးရှိ  ဆီးဖတ် ၃၇ တန်နဲ့ အမေရိကန်ဒေါ်လာ သုညဒသမ ဝ၀၅ သန်းတန်ဖိုးရှိ  မန်ကျည်းစေ့ ၉၉ တန်ကို  တင်ပို့ခဲ့တယ်လို့ ကုန်သွယ်ရေးစခန်းမှသိရပါတယ်။                                                                   
    ခင်မိုးသူ
 

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General