နနွင်းတန်ချိန် ၅၀ဝ ကျော် တင်ပို့

ဇွန် ၂၆ ရက်မှ  ဇူလိုင်၂ ရက်သိီတင်းပတ်အတွင်း နနွင်း ၅၃၁ ဒသမ ၄၅၇ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်ပို့ခဲ့ပါတယ်။ဒီတစ်ပတ် ဘင်္ဂလားဒေရှ့်သို့ ၅၆ တန်၊ ဂျပန်သို့  ၁၈ တန်၊ မလေးရှားသို့ ၃၉၂
ဒသမ ၄၅၇ တန်နဲ့ စင်ကာပူသို့ ၆၅ တန်တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ် နနွင်းတန်ချိန် ၄၃၀ ကျော်တင်ပို့နိုင်ခဲ့တာကြောင့် ဒီတစ်ပတ်တင်ပို့မှုနဲ့ယှဉ်ရင် တန်ချိန် ၉၀ ကျော်ပိုမို တင်ပို့နိုင်ခဲ့
တယ်လို့ သိရပါတယ်။ နနွင်းတင်ပို့မှုမှ ကန်ဒေါ်လာ ၅၀၅၀၇၀ ဝင်ငွေ ရရှိခဲ့တယ်လို့ သိရပါတယ်။
လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် မေလအတွင်း နနွင်းတင်ပို့မှု တန်ချိန်မှာ ၆၅၅ တန်ကျော်ရှိခဲ့ပြီး ဇွန်လမှာ တန်ချိန်၁၃၁၀ ကျော်ရှိခဲ့တာကြောင့် ဇွန်လမှာ နနွင်းတန်ချိန် ၆၆၀ ကျော်တင်ပို့မှုပိုခဲ့တယ်လို့ သိရပါ
တယ်။

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General