တာချီလိတ်၊မူဆယ်၊မြဝတီ ကုန်သွယ်ရေးဇုန်တို့မှ ကြက်သွန်နီ၊ ကြက်သွန်ဖြူတင်ပို့

ဇွန်နောက်ဆုံးပတ်တွင် မူဆယ်(၁၀၅)မိုင်  ကုန်သွယ်ရေးဇုန်မှ အမေရိကန် ဒေါ်လာ  ၂၈၇၃၉၅ တန်ဖိုးရှိတဲ့ ကြက်သွန်နီ  တန် ၁၁၀ဝ ကျော်တင်ပို့နိုင်ခဲ့သလို မြဝတီကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၂၁၁၇၆၂ တန်ဖိုးရှိ ကြက်သွန်နီ ၆၃၆ တန်ခွဲနဲ့ အမေရိကန်ဒေါ်လာ ၅၈၈၂၉ တန်ဖိုးရှိ ကြက်သွန်ဖြူ  တန်၄၀၊ တာ ချီလိတ်ကုန်သွယ်ရေးစခန်းမှ   ပုံမှန်တင်ပို့နေကျ  အမေရိကန်ဒေါ်လာ ၆၃၇၇၁ တန်ဖိုးရှိ ကြက်သွန်ဖြူ ၄၆ တန်ကိုတင်ပို့ခဲ့ပါတယ်။
မူဆယ်မှကြက်သွန်နီတင်ပို့မှုတွင် ရုံးချုပ်အပြင် နယ်စပ်စခန်းတွေမှ တိုက် ရိုက် လျှောက်ထားခွင့်ပြုခဲ့ပြီး  တစ်နေ့လျှင် ကားအစီးရေ ၁၀စီးခန့် ဝင်ရောက်ခဲ့ ကြောင်း၊ စခန်းခွင့်ပြုလိုင်စင်တစ်စောင်ကို တန် ၁၀ဝ ခွင့်ပြုလျက်ရှိပြီး ကုမ္ပဏီတစ်ခု လျှင် လိုင်စင်တစ်စောင်ကို တန် ၁၀ဝ နှုန်းနဲ့ လိုအပ်သလောက် လိုင်စင် လျှောက် ထားခွင့်ပြုသဖြင့် ကုန်သည်လုပ်ငန်းရှင်များအနေနဲ့ ကုန်သွယ်မှုတွင် ပိုမိုလွယ်ကူ လျင်မြန်ချောမွေ့စွာတင်ပို့နိုင်ကြောင်း မူဆယ်ကုန်သွယ်ရေးဇုန်မှ သတင်းရရှိပါ တယ်။
ဇွန်အတွင်း မူဆယ်မှ ကြက်သွန်နီ  ၅၇၅၅ တန်၊ မြဝတီမှ ကြက်သွန်နီ ၁၅၆၀ တန်၊ တာချီလိတ်မှ ကြက်သွန်နီ တန်၁၀ဝ နဲ့ ကြက်သွန်ဖြူကို တာချီလိတ်မှ ၅၁၁ တန်ခွဲ၊ မြဝတီမှ တန် ၄၀ တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။         မော်မော်အောင်
 

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General