အစားအသောက်များတင်ပို့မှုအတွက် သက်ဆိုင်ရာဌာနမှအတည်ပြုချက်ရယူရန်

အကြောင်းအရာ ဤစီမံဆောင်ရွက်မှု (အခန်း ၁၀၊ အပိုဒ် ၂၄ နှင့် ၂၅) သည် ကုန်စည်တင်ပို့မှုများအတွက် သက်ဆိုင်ရာဌာနမှ အတည်ပြုချက်ရယူရန် ဖော်ပြထားပါသည်။ မည်သူမျှ လိုင်စင်မရှိဘဲ ထုတ်လုပ်ထားသော ထိန်းချုပ်အစားအသောက်ကို ပြည်ပသို့ တင်ပို့ခြင်းမပြုရပါ။ အစားအသောက် ကုန်စည်များ ပြည်ပသို့ တင်ပို့ခြင်းနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာအစိုးရဌာနမှ ထုတ်ပြန်သော အမိန့်၊ ညွှန်ကြားချက်နှင့် စည်းကမ်းချက်များကို လိုက်နာရမည်ဖြစ်ပါသည်။ ဤစီမံဆောင်ရွက်မှု၏ ရည်ရွယ်ချက်များမှာ အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးဥပါဒ်အန္တရာယ် ကင်းရှင်းသော အစားအသောက်ကို အများပြည်သူတို့စားသုံးနိုင်ရန်၊ ဘေးဥပါဒ်အန္တရာယ်ဖြစ်စေနိုင်သော၊ ကျန်းမာရေးကို ထိခိုက်စေနိုင်သော အစားအသောက်ကို အများပြည်သူတို့ စားသုံးမိခြင်းမှ ကာကွယ်ရန်၊ အစားအသောက်များထုတ်လုပ်ခြင်း၊ ပြည်တွင်းသို့ တင်သွင်းခြင်း၊ ပြည်ပသို့ တင်ပို့ခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်းများကို စနစ်တကျကွပ်ကဲထိန်းသိမ်းရန် ဖြစ်ပါသည်။
မှတ်ချက်များ အမျိုးသားအစားအသောက်ဥပဒေ ၁၉၉၇ ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် အမျိုးသားအစားအသောက်ဥပဒေကိုပြင်ဆင်သည့် ဥပဒေကို ထုတ်ပြန်ခဲ့ပါသည်။ ဤစီမံဆောင်ရွက်မှုသည် နိုင်ငံ၏အခြေအနေအရပြောင်းလဲနိုင်သည်။
အဖွဲ့အစည်း အစားအသောက်နှင့်ဆေးဝါးကွပ်ကွဲရေးဦးစီးဌာန
ပို့ကုန်/သွင်းကုန် ပို့ကုန်
မှ အတည်ဖြစ်သည် 2018-06-25
ထိ အတည်ဖြစ်သည် သက်ဆိုင်ရာဌာနမှမပယ်ဖျက်မချင်းသက်ဝင်ဆောင်ရွက်မှုရှိမည်ဖြစ်ပါသည်။
ရည်ညွှန်းချက် အမျိုးသားအစားအသောက်ဥပဒေ ၁၉၉၇
နည်းပညာကုဒ်
ယူအမ်ကုဒ် P13 - Authorization or permit requirements to export, for technical reasons
စည်းမျဉ်းအမျိုးအစား ပို့ကုန်နှင့်ဆက်စပ်သောစီမံဆောင်ရွက်မှုများ
ပြင်ဆင်သည့်ရက် 2019-01-29 09:01:42

ဥပဒေ စာရွက်စာတမ်းများ
အမည် ကဏ္ဍ
အမျိုးသားအစားအသောက်ဥပဒေ Law
လုပ်ထုံးလုပ်နည်းများ
အမည် အကြောင်းအရာ ကဏ္ဍ
ပို့ကုန်ကျန်းမာရေးထောက်ခံချက် ပို့ကုန်ကျန်းမာရေးထောက်ခံချက် ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအောက်ရှိ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာန (FDA) တွင် လျှောက်ထားခြင်း Export
အစားအသောက်ဆိုင်ရာပို့ကုန်လိုင်စင်ထောက်ခံချက် ပို့ကုန်လိုင်စင်ထောက်ခံချက်ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအောက်ရှိ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာန (FDA) လျှောက်ထားခြင်း Export
ကုန်စည်များ

This measure applies to the following commodities.

HS Code အကြောင်းအရာ
2303300000 - Brewing or distilling dregs and waste
2304001000 - Defatted soya bean flour, fit for human consumption
2304009000 - Other
2305000000 Oil-cake and other solid residues, whether or not ground or in the form of pellets, resulting from the extraction of ground-nut oil.
2306100000 - Of cotton seeds
2306200000 - Of linseed
2306300000 - Of sunflower seeds
2306411000 - - - Of low erucic acid rape seeds
2306412000 - - - Of low erucic acid colza seeds
2306491000 - - - Of other rape seeds
2306492000 - - - Of other colza seeds
2306500000 - Of coconut or copra
2306601000 - - Ground or in the form of pellets
2306901000 - - Of maize (corn) germ
2307000000 Wine lees; argol.