အကြောင်းအရာ | ဤစီမံဆောင်ရွက်မှု (အမိန့်ကြော်ငြာစာအမှတ် ၁၈/၂၀၁၅) သည် ဝိုင်ကုန်စည် တင်သွင်းမှုများအတွက် အမှတ်တံဆိပ်ဖော်ပြရန် လိုအပ်ကြောင်းဖော်ပြထားပါသည်။ ဝိုင်တင်သွင်းခွင့်အတွက် သွင်းကုန်လိုင်စင်လျှောက်ထားရာတွင် တင်သွင်းသူသည် တင်သွင်းလာသော ဝိုင်ပုလင်းပေါ်တွင် ကပ်နှိပ်တင်သွင်းဖြန့်ချိမည့် ကုမ္ပဏီ၏ အမှတ်အသားတံဆိပ်ကို ဖော်ပြရမည်။ ဝိုင်ကို အကန့်အသတ်ဖြင့် တရားဝင်တင်သွင်းခွင့်ပြုခြင်းဖြင့် တရားမဝင်တင်သွင်းမှုထိန်းချုပ်ရန်၊ နိုင်ငံတော်အခွန်အခများအပြည့်အဝရရှိနိုင်ရန်နှင့် ပြည်တွင်းဈေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် ရည်ရွယ်ပါသည်။ |
မှတ်ချက်များ | အမိန့်ကြော်ငြာစာအမှတ် ၁၈/၂၀၁၅ ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည်။ ဤစီမံဆောင်ရွက်မှုသည် နိုင်ငံ၏အခြေအနေအရပြောင်းလဲနိုင်သည်။ |
အဖွဲ့အစည်း | အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန |
ပို့ကုန်/သွင်းကုန် | သွင်းကုန် |
မှ အတည်ဖြစ်သည် | 2015-03-17 |
ထိ အတည်ဖြစ်သည် | သက်ဆိုင်ရာဌာနမှမပယ်ဖျက်မချင်းသက်ဝင်ဆောင်ရွက်မှုရှိမည်ဖြစ်ပါသည်။ |
ရည်ညွှန်းချက် | ပို့ကုန်သွင်းကုန်ဥပဒေ ၂၀၁၂ ၏ ပုဒ်မ ၁၃ (ခ) |
နည်းပညာကုဒ် | |
ယူအမ်ကုဒ် |
A31 - Labelling requirements
|
စည်းမျဉ်းအမျိုးအစား | လူ၊ တိရိစ္ဆာန်နှင့်အပင်တို့၏ ကျန်းမားရေးနှင့်ပိုမွှားရောဂါကင်းစင်သန့်ရှင်းရေးဆိုင်ရာ စီမံဆောင်ရွက်မှု |
ပြင်ဆင်သည့်ရက် |
2018-06-19 13:49:32 |