တိရစ္ဆာန်၊ တိရစ္ဆာန်ထွက်ပစ္စည်းနှင့် တိရစ္ဆာန်အစာများတင်သွင်းမှုအပေါ် အခကြေးငွေကောက်ခံခြင်း (သားရဲ)

အကြောင်းအရာ ဤစီမံဆောင်ရွက်မှု (အခန်း ၁၊ ပုဒ်မ ၇ (ဂ) နှင့် အခန်း ၂၊ ပုဒ်မ ၁၆ (ဃ)) သည် ကုန်စည်များအတွက် အခကြေးငွေပေးဆောင်ရန်လိုအပ်ကြောင်းဖော်ပြထားပါသည်။ ပြည်ပမှ တိရစ္ဆာန်၊ တိရစ္ဆာန်ထွက်ပစ္စည်းများနှင့် တိရစ္ဆာန်အစာများကို တင်သွင်းသူသည် အဆိုပါ ကုန်စည်များကို သီးသန့်ခွဲခြားထားရှိရန် သတ်မှတ်ထားသည့်နေရာတွင် သတ်မှတ်ထားသည့် ကာလ အပိုင်းအခြားအထိထားရှိရာတွင် တိရစ္ဆာန်ကို ကျွေးမွေးခြင်း၊ စောင့်ရှောက်ခြင်း၊ ဓာတ်ခွဲ စမ်းသပ်စစ်ဆေးခြင်း၊ ကာကွယ်ဆေးထိုးခြင်း၊ ကုသခြင်းနှင့် လိုအပ်ချက်အရဆောင်ရွက်ရသည့် အခြားလုပ်ငန်းများဆောင်ရွက်ရာတွင်လည်းကောင်း၊ တိရစ္ဆာန်ထွက်ပစ္စည်းနှင့် တိရစ္ဆာန်အစာများ ကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်း၊ ပိုးသတ်သန့်စင်ခြင်းနှင့် လိုအပ်ချက်အရ ဆောင်ရွက်သော အခြားလုပ်ငန်းများအတွက် သတ်မှတ်ထားသည့် အခကြေးငွေများကိုပေးဆောင်ရမည်။ ရည်ရွယ်ချက်မှာ တိရစ္ဆာန်များ ကူးစက်ရောဂါ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရန်နှင့် ဖြစ်ပွားသည့်အခါ စနစ်တကျ ထိန်းချုပ်နိုင်ရန်ဖြစ်ပါသည်။
မှတ်ချက်များ အမိန့်ကြော်ငြာစာအမှတ် ၁၅/၂၀၀၅ ကို မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ထုတ်ပြန်ပါသည်။
အဖွဲ့အစည်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန
ပို့ကုန်/သွင်းကုန် သွင်းကုန်
မှ အတည်ဖြစ်သည် 2005-04-07
ထိ အတည်ဖြစ်သည် သက်ဆိုင်ရာဌာနမှမပယ်ဖျက်မချင်းသက်ဝင်ဆောင်ရွက်မှုရှိမည်ဖြစ်ပါသည်။
ရည်ညွှန်းချက် တိရစ္ဆာန်ကျန်းမာရေးနှင့် ဖွံ့ဖြိုးရေးဥပဒေ၊ ပုဒ်မ ၃၃ (ခ)
နည်းပညာကုဒ် F69
ယူအမ်ကုဒ် F69 - Additional charges n.e.s.
စည်းမျဉ်းအမျိုးအစား ထပ်ဆောင်းအခွန်များနှင့်အခများအပါအဝင် စျေးနှုန်းထိန်းချုပ်ရေးဆိုင်ရာစီမံဆောင်ရွက်မှုများ
ပြင်ဆင်သည့်ရက် 2022-09-22 07:43:46

လုပ်ထုံးလုပ်နည်းများ
အမည် အကြောင်းအရာ ကဏ္ဍ
တိရိစ္ဆာန်ဥယျာဉ်တွင်ထားရှိမည့်တောရိုင်းတိရိစ္ဆာန်အရှင်များအတွက် တင်သွင်းခွင့်ထောက်ခံချက် တိရိစ္ဆာန်ဥယျာဉ်တွင်ထားရှိမည့်တောရိုင်းတိရိစ္ဆာန်အရှင်များအတွက် တင်သွင်းခွင့်ထောက်ခံချက်ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း၀န်ကြီးဌာနအောက်ရှိ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတွင် လျှောက်ထားရယူခြင်း။ Import
ကုန်စည်များ

This measure applies to the following commodities.

HS Code အကြောင်းအရာ
0106310000 - - Birds of prey
0106320000 - - Psittaciformes (including parrots, parakeets, macaws and cockatoos)
0106330000 - - Ostriches; emus (Dromaius novaehollandiae)
0106390000 - - Other
0106410000 - - Bees
0106490000 - - Other
0106900000 - Other