| အကြောင်းအရာ | ဤစီမံဆောင်ရွက်မှု (အခန်း ၁၊ ပုဒ်မ ၃ (က)၊ ပုဒ်မ ၉ (ခ) နှင့် အခန်း ၂၊ ပုဒ်မ ၁၁၊ ပုဒ်မ ၁၈ (ခ)) တို့သည် ကုန်စည်များမတင်သွင်းမီ သက်ဆိုင်ရာဌာနမှ အတည်ပြုချက်ရယူရန်လိုအပ်ကြောင်း ဖော်ပြထားပါသည်။ တိရစ္ဆာန်၊ တိရစ္ဆာန်ထွက်ပစ္စည်းနှင့် တိရစ္ဆာန်အစာများကို ပြည်တွင်းသို့ တင်သွင်းလိုသူသည် ပြည်ပမှ တိရစ္ဆာန်၊ တိရစ္ဆာန်ထွက်ပစ္စည်းနှင့် တိရစ္ဆာန်အစာများတင်သွင်းခွင့် လိုင်စင် သို့မဟုတ် ပါမစ်ထုတ်ပေးပိုင်ခွင့်ရှိသော အစိုးရဌာန၊ အဖွဲ့အစည်းတွင် လိုင်စင် သို့မဟုတ် ပါမစ်လျှောက်ထားရန်အတွက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတွင် သဘောထားမှတ်ချက် လျှောက်ထားရမည်။ ရည်ရွယ်ချက်မှာ တိရစ္ဆာန်များ ကူးစက်ရောဂါ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရန်နှင့် ဖြစ်ပွားသည့်အခါ စနစ်တကျ ထိန်းချုပ်နိုင်ရန်ဖြစ်ပါသည်။ |
| မှတ်ချက်များ | အမိန့်ကြော်ငြာစာအမှတ် ၁၅/၂၀၀၅ ကို မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ထုတ်ပြန်ပါသည်။ |
| အဖွဲ့အစည်း | မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန |
| ပို့ကုန်/သွင်းကုန် | သွင်းကုန် |
| မှ အတည်ဖြစ်သည် | 2005-04-07 |
| ထိ အတည်ဖြစ်သည် | Until it is cancelled by the responsible agency. |
| ရည်ညွှန်းချက် | တိရစ္ဆာန်ကျန်းမာရေးနှင့် ဖွံ့ဖြိုးရေးဥပဒေ၊ ပုဒ်မ ၃၃ (ခ) |
| နည်းပညာကုဒ် | A14 |
| ယူအမ်ကုဒ် |
A14 - Authorization requirement for SPS reasons for importing certain products
|
| စည်းမျဉ်းအမျိုးအစား | လူ၊ တိရိစ္ဆာန်နှင့်အပင်တို့၏ ကျန်းမားရေးနှင့်ပိုမွှားရောဂါကင်းစင်သန့်ရှင်းရေးဆိုင်ရာ စီမံဆောင်ရွက်မှု |
| ပြင်ဆင်သည့်ရက် |
2018-08-09 15:37:32 |