အကြောင်းအရာ | ဤစီမံဆောင်ရွက်မှု (အခန်း ၅၊ ပုဒ်မ ၂၄၊ ထ) သည် တင်ပို့နိုင်ငံအနေဖြင့် ကုန်စည်အပေါ် စုံစမ်းစစ်ဆေးမှုဆောင်ရွက်ရန်လိုအပ်ကြောင်းဖော်ပြထားပါသည်။ လိုင်စင်ရရှိသူအနေဖြင့် စစ်ဆေးရေးအဖွဲ့များကို ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းနှင့် သက်ဆိုင်သော မည်သည့်နေရာမဆို ဝင်ရောက်စစ်ဆေးခွင့်ပြုရမည့်အပြင် လိုအပ်သည်များကိုလည်း ကူညီဆောင်ရွက်ပေးရပါမည်။ ရည်ရွယ်ချက်များမှာ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကြောင့် သက်ရှိသတ္တဝါများအား ဘေးအန္တရာယ်ဖြစ်စေခြင်း နှင့် သဘာဝပတ်ဝန်းကျင် အရင်းအမြစ်များကို ထိခိုက်ပျက်စီးစေခြင်းမှ ကာကွယ်ရန်၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့အတွက် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရန်ဖြစ်ပါသည်။ |
မှတ်ချက်များ | ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေးနည်းဥပဒေ ၂၀၁၆ ကို စက်မှုဝန်ကြီးဌာနမှ ထုတ်ပြန်ပါသည်။ ဤစီမံဆောင်ရွက်မှုသည် နိုင်ငံ၏စီးပွားရေးအခြေအနေအရပြောင်းလဲနိုင်သည်။ |
အဖွဲ့အစည်း | စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန |
ပို့ကုန်/သွင်းကုန် | ပို့ကုန် |
မှ အတည်ဖြစ်သည် | 2018-07-14 |
ထိ အတည်ဖြစ်သည် | သက်ဆိုင်ရာဌာနမှမပယ်ဖျက်မချင်းသက်ဝင်ဆောင်ရွက်မှုရှိမည်ဖြစ်ပါသည်။ |
ရည်ညွှန်းချက် | ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေးဥပဒေ ၂၀၁၃ |
နည်းပညာကုဒ် | P182 |
ယူအမ်ကုဒ် |
P182 - Inspection requirement
|
စည်းမျဉ်းအမျိုးအစား | ပို့ကုန်နှင့်ဆက်စပ်သောစီမံဆောင်ရွက်မှုများ |
ပြင်ဆင်သည့်ရက် |
2018-07-31 16:14:09 |