အကြောင်းအရာ | ဤစီမံဆောင်ရွက်မှု (အခန်း ၁၄၊ ပုဒ်မ ၄၅) သည် တင်ပို့နိုင်ငံအနေဖြင့် ကုန်စည်မတင်ပို့မီ လိုင်စင်လျှောက်ထားရယူရန်လိုအပ်ကြောင်းဖော်ပြထားပါသည်။ လိုင်စင်ရရှိသူသည် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို ပြည်ပသို့ တင်ပို့ခြင်းပြုလုပ်လိုပါက ဗဟိုကြီးကြပ်ရေးအဖွဲ့၏ ထောက်ခံချက်ကို ရယူ၍ သက်ဆိုင်ရာသို့လျှောက်ထားရမည်။ ရည်ရွယ်ချက်များမှာ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကြောင့် သက်ရှိသတ္တဝါများအား ဘေးအန္တရာယ်ဖြစ်စေခြင်း နှင့် သဘာဝပတ်ဝန်းကျင် အရင်းအမြစ်များကို ထိခိုက်ပျက်စီးစေခြင်းမှ ကာကွယ်ရန်၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့အတွက် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရန်ဖြစ်ပါသည်။ |
မှတ်ချက်များ | ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေးဥပဒေ ၂၀၁၃ ကို စက်မှုဝန်ကြီးဌာနမှ ထုတ်ပြန်ပါသည်။ ဤစီမံဆောင်ရွက်မှုသည် နိုင်ငံ၏ စီးပွားရေးအခြေအနေအရ ပြောင်းလဲနိုင်သည်။ |
အဖွဲ့အစည်း | စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန |
ပို့ကုန်/သွင်းကုန် | ပို့ကုန် |
မှ အတည်ဖြစ်သည် | 2018-07-14 |
ထိ အတည်ဖြစ်သည် | သက်ဆိုင်ရာဌာနမှမပယ်ဖျက်မချင်းသက်ဝင်ဆောင်ရွက်မှုရှိမည်ဖြစ်ပါသည်။ |
ရည်ညွှန်းချက် | ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေးဥပဒေ ၂၀၁၃ |
နည်းပညာကုဒ် | P33 |
ယူအမ်ကုဒ် |
P33 - Licensing, permit or registration requirements to export
|
စည်းမျဉ်းအမျိုးအစား | ပို့ကုန်နှင့်ဆက်စပ်သောစီမံဆောင်ရွက်မှုများ |
ပြင်ဆင်သည့်ရက် |
2018-07-31 16:16:58 |