အကြောင်းအရာ | ဤစီမံဆောင်ရွက်မှု (အခန်း ၂၊ ပုဒ်မ ၁၀) သည် အမြဲတမ်းကိုတာသတ်မှတ်ခြင်းနှင့်စပ်လျဉ်း၍ ဖော်ပြထားပါသည်။ သဘာဝအရင်းအမြစ်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် မှတ်ပုံတင်လက်မှတ်ရရှိသူများအား အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းတစ်ရပ်ရပ်ကို ပြည်တွင်းသို့ တင်သွင်းခွင့်ထောက်ခံချက်ပေးရန်အတွက် ခွဲတမ်းသတ်မှတ်ပေးရမည်။ ရည်ရွယ်ချက်များမှာ ဆုတ်ယုတ်ပျောက်ကွယ်စ ဖြစ်နေသော ဂေဟစနစ်များကို ဖြစ်နိုင်သမျှပြန်လည်ဖော်ထုတ်ရန်၊ သဘာဝသယံဇာတအရင်းအမြစ်များ လျော့နည်းဆုံးရှုံးမှုကို တားဆီးရေးနှင့် စဉ်ဆက်မပြတ် အကျိုးရှိစွာ အသုံးပြုနိုင်ရေးအတွက် စီမံဆောင်ရွက်ရန်တို့ဖြစ်ပါသည်။ |
မှတ်ချက်များ | အမိန့်ကြော်ငြာစာအမှတ် ၃၇/၂၀၁၄ ကို သဘာဝအရင်းအမြစ်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ထုတ်ပြန်ပါသည်။ ဤစီမံဆောင်ရွက်မှုသည် နိုင်ငံ၏အခြေအနေအရပြောင်းလဲနိုင်သည်။ |
အဖွဲ့အစည်း | ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန |
ပို့ကုန်/သွင်းကုန် | သွင်းကုန် |
မှ အတည်ဖြစ်သည် | 2018-07-14 |
ထိ အတည်ဖြစ်သည် | သက်ဆိုင်ရာဌာနမှမပယ်ဖျက်မချင်းသက်ဝင်ဆောင်ရွက်မှုရှိမည်ဖြစ်ပါသည်။ |
ရည်ညွှန်းချက် | ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ ၂၀၁၂ |
နည်းပညာကုဒ် | |
ယူအမ်ကုဒ် |
E211 - Global allocation
|
စည်းမျဉ်းအမျိုးအစား | ကျင့်သုံးဆောင်ရွက်မှုများအပြင် အလိုအလျောက်မဟုတ်သောလိုင်စင်စနစ်၊ ပမာဏကန့်သတ်မှုများ၊ တားမြစ်ချက်များနှင့် အရေအတွက်ထိန်းချုပ်စီမံဆောင်ရွက်မှုများ |
ပြင်ဆင်သည့်ရက် |
2018-07-14 16:54:40 |