စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၆၉/၂၀၁၅ ဖြင့် သွင်းကုန်လိုင်စင်လျှောက်ထားရန်လိုသည့် ကုန်စည်စာရင်း (Negative List) အားထုတ်ပြန်ခဲ့ပါသည်။ အဆိုပါကုန်စည်စာရင်းပါ ကုန်စည်များအနက် အောက်ဖော်ပြ HS (HS 2012 version) များနှင့် သက်ဆိုင်သည့် ကုန်စည်များသည် သွင်းကုန်လိုင်စင်ပြန်လည်လျှောက်ထားရယူရန်လိုအပ်သည့်ကုန်စည်လိုင်းများအဖြစ် ထုတ်ပြန်လိုက်သည်-
(၁) HS 3102.50.00 (Sodium Nitrate)
(၂) HS 3401.11.90 (other- for toilet use including medicated products)
(၃) HS 4015.11.00 (Surgical)
ဤအမိန့်ကြော်ငြာစာကို အမိန့်ကြော်ငြာစာအမှတ် ၆၁/၂၀၁၇ ဖြင့် လွှမ်းမိုးပယ်ဖျက်လိုက်သည်။
ထုတ်ပြန်သည့်ရက် | 2015-09-21 |
ဥပဒေ အမျိုးအစား | Notification |
ထုတ်ပြန်သည့်အဖွဲ့ |
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
|
တာဝန်ယူသည့် အဖွဲ့ |
ကုန်သွယ်ရေးဦးစီးဌာန
|
ပြင်ဆင်သည့်ရက် |
2018-04-08 04:14:34
|