ပို့ကုန်၊သွင်းကုန်နှင့်ပတ်သက်သည့်သတင်းလွှာ (၆/၂၀၂၄) နယ်စပ်ကုန်သွယ်ရေးမှ တင်ပို့ခြင်းအတွက် ပို့ကုန်ရငွေအပေါ် ၂၅% ၊ ၇၅% အစီအစဉ်ဆောင်ရွက်သည့် ကုန်စည်အမျိုးအစား ထပ်တိုးသက်မှတ်ခြင်းအား အသိပေး ကြေညာခြင်း
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနသည် နယ်စပ်ကုန်သွယ်မှုမှ တင်ပို့နေသည့် ကုန်ပစ္စည်း (၈) မျိုးအပြင် ကုန်ပစ္စည်းထပ်တိုး (၇) မျိုးအား မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ သတ်မှတ်ချက်နှင့်အညီ ပို့ကုန်ရငွေ (နိုင်ငံခြားသုံးငွေ) ၏ ၂၅% လဲလှယ်ခြင်းကို (၁-၁၁-၂၀၂၄) ရက်နေ့မှ စတင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း အသိပေးကြေညာချက်အား ပို့ကုန်၊သွင်းကုန်နှင့်ပတ်သက်သည့်သတင်းလွှာ (၆/၂၀၂၄) ဖြင့် ၃၀-၁၀-၂၀၂၄ ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။
ထုတ်ပြန်သည့်ရက် | 2024-10-30 |
ဥပဒေ အမျိုးအစား | Notification |
ထုတ်ပြန်သည့်အဖွဲ့ | စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန |
တာဝန်ယူသည့် အဖွဲ့ | ကုန်သွယ်ရေးဦးစီးဌာန |
ပြင်ဆင်သည့်ရက် | 2024-12-03 08:42:00 |