ပို့ကုန်၊သွင်းကုန်နှင့်ပတ်သက်သည့်သတင်းလွှာ (၅/၂၀၂၄) Tradenet 2.0 စနစ်နှင့် အခွန်ထမ်းမှတ်ပုံတင်ခြင်းစနစ် (e-Registration Management System) တို့ ချိတ်ဆက်ဆောင်ရွက်ရမည့် အချက်များအား အသိပေးကြေညာခြင်း

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနသည် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ် အသစ်လျှောက်ထားခြင်းနှင့်သက်တမ်းတိုးလျှောက်ထားခြင်းများ ဆောင်ရွက်မည့် ကုမ္ပဏီ (Company)၊ အသင်းအဖွဲ့ (Organization) နှင့် သမဝါယမအသင်း (CO-Operative) တို့သည် ပြည်တွင်းအခွန်များဦးစီးဌာန၏ အခွန်ထမ်းမှတ်ပုံတင်စနစ် (https://eregistration.ird.gov.mm) တွင် အခွန်ထမ်းမှတ်ပုံတင်လက်မှတ်ကို ဦးစွာ လျှောက်ထားရယူပြီးမှ Tradenet 2.0 စနစ်တွင်ဝင်ရောက်လျှောက်ထားရမည်ဖြစ်ကြောင်း အသိပေးကြေညာချက်အား ပို့ကုန်၊သွင်းကုန်နှင့်ပတ်သက်သည့် သတင်းလွှာ (၅/၂၀၂၄) ဖြင့် (၂၄-၁၀-၂၀၂၄) ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။

ထုတ်ပြန်သည့်ရက် 2024-10-24
ဥပဒေ အမျိုးအစား Notification
ထုတ်ပြန်သည့်အဖွဲ့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
တာဝန်ယူသည့် အဖွဲ့ ကုန်သွယ်ရေးဦးစီးဌာန
ပြင်ဆင်သည့်ရက် 2024-12-03 08:35:27

picture_as_pdfအင်္ဂလိပ် picture_as_pdfမြန်မာ