အမိန့်ကြော်ငြာစာအမှတ် (၇/၂၀၂၄) ထိန်းချုပ်ဓာတုပစ္စည်းကို ပြည်ပမှ တင်သွင်းခြင်း၊ ပြည်တွင်းတွင် သယ်ဆောင်ခြင်း၊ သိုလှောင်ခြင်းနှင့် ဖြန့်ဖြူးခြင်းဆိုင်ရာ စံသတ်မှတ်ချက်များထုတ်ပြန်ခြင်း

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့သည် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ ပုဒ်မ ၃၀ ပုဒ်မခွဲ (ခ) တို့အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ထိန်းချုပ်ဓာတုပစ္စည်းအား ပြည်ပမှ တင်သွင်းခြင်း၊ ပြည်တွင်းတွင် သယ်ဆောင်ခြင်း၊ သိုလှောင်ခြင်းနှင့် ဖြန့်ဖြူးခြင်းဆိုင်ရာ စံသတ်မှတ်ချက်များအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့တွင် အမိန့်ကြော်ငြာစာ အမှတ် (၇/၂၀၂၄) ဖြင့် ထုတ်ပြန်လိုက်သည်။

ထုတ်ပြန်သည့်ရက် 2024-09-30
ဥပဒေ အမျိုးအစား Notification
ထုတ်ပြန်သည့်အဖွဲ့ ပြည်ထဲရေးဝန်ကြီးဌာန
တာဝန်ယူသည့် အဖွဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့
ပြင်ဆင်သည့်ရက် 2024-10-24 03:55:24

picture_as_pdfအင်္ဂလိပ် picture_as_pdfမြန်မာ