အမိန့်ကြော်ငြာစာအမှတ် (၇၁/၂၀၂၄) လေအေးပေးစက်နှင့် အေးခဲခန်းသုံး အကြီးစားစက်ပစ္စည်းများ တင်သွင်းမှုကို တားမြစ်သည့်အမိန့်ထုတ်ပြန်ခြင်း

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေပုဒ်မ ၄၂၊ ပုဒ်မခွဲ (ခ) တို့အရ အပ်နှင်းထားသောလုပ်ပိုင်ခွင့်ကိုကျင့်သုံး၍  မြင်းကောင်ရေ ၂.၅ (21000 BTU/hr) နှင့်အထက် စွမ်းအား (Capacity) ရှိသည့် လေအေးပေးစက်နှင့် အေးခဲခန်းသုံး အကြီးစားစက်ပစ္စည်းများ ပြည်တွင်းသို့ တင်သွင်းမှုကို တားမြစ်သည့်အမိန့်အား ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၉ ရက် နေ့တွင် အမိန့်ကြော်ငြာစာအမှတ် (၇၁/၂၀၂၄) ဖြင့် ထုတ်ပြန်လိုက်သည်။ အဆိုပါအမိန့်သည် ရက်ပေါင်း (၉၀) ပြည့်မြောက်သည့် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့မှစ၍ အသက်ဝင်မည်ဖြစ်သည်။

 

ထုတ်ပြန်သည့်ရက် 2024-08-09
ဥပဒေ အမျိုးအစား Notification
ထုတ်ပြန်သည့်အဖွဲ့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
တာဝန်ယူသည့် အဖွဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန
ပြင်ဆင်သည့်ရက် 2024-10-03 09:04:04

picture_as_pdfအင်္ဂလိပ် picture_as_pdfမြန်မာ