အမိန့်ကြော်ငြာစာအမှတ် (၇၀/၂၀၂၄) လျှပ်စစ်သုံးယာဉ် စွန့်ပစ်ဘက်ထရီများနှင့် လျှပ်စစ်သုံးယာဉ်ဆိုင်ရာ အခြားစွန့်ပစ်ပစ္စည်းများအား စီမံခန့်ခွဲမှုနှင့်သက်ဆိုင်သည့် ညွှန်ကြားချက် ထုတ်ပြန်ခြင်း
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေပုဒ်မ ၄၂၊ ပုဒ်မခွဲ (ခ) တို့အရ အပ်နှင်းထားသောလုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ လျှပ်စစ်သုံးယာဉ် စွန့်ပစ်ဘက်ထရီများနှင့် လျှပ်စစ်သုံးယာဉ်ဆိုင်ရာ အခြားစွန့်ပစ်ပစ္စည်းများအား စီမံခန့်ခွဲမှုနှင့်သက်ဆိုင်သည့် ညွှန်ကြားချက်အား ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၇ ရက် နေ့တွင် အမိန့်ကြော်ငြာစာအမှတ် (၇၀/၂၀၂၄) ဖြင့် ထုတ်ပြန်လိုက်သည်။
ထုတ်ပြန်သည့်ရက် | 2024-08-07 |
ဥပဒေ အမျိုးအစား | Notification |
ထုတ်ပြန်သည့်အဖွဲ့ | သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန |
တာဝန်ယူသည့် အဖွဲ့ | ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန |
ပြင်ဆင်သည့်ရက် | 2024-09-20 04:43:13 |