အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၂၄) Ethylene Oxide အား ကန့်သတ်ဓာတုပစ္စည်းအဖြစ် သတ်မှတ်သည့် အမိန့်ထုတ်ပြန်ခြင်း
ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေးဗဟိုဦးစီးအဖွဲ့သည် ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၅၊ ပုဒ်မခွဲ (ဇ) နှင့် ပုဒ်မ ၄၇၊ ပုဒ်မခွဲ(ခ)တို့အရ အပ်နှင်းထားသောလုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ၂၀၂၄ ခုနှစ်၊ မေ လ ၃၁ ရက် နေ့တွင် Ethylene Oxide အား ကန့်သတ်ဓာတုပစ္စည်းအဖြစ် သတ်မှတ်သည့်အမိန့်အား အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၂၄) ဖြင့် ထုတ်ပြန်လိုက်သည်။
ထုတ်ပြန်သည့်ရက် | 2024-05-31 |
ဥပဒေ အမျိုးအစား | Notification |
ထုတ်ပြန်သည့်အဖွဲ့ | စက်မှုဝန်ကြီးဌာန |
တာဝန်ယူသည့် အဖွဲ့ | စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန |
ပြင်ဆင်သည့်ရက် | 2024-07-03 08:38:10 |