ကမ်းရိုးတန်းသွားနှင့်မြစ်တွင်းသွား သင်္ဘောများဆိုက်ကပ်အသုံးပြုနိုင်ရေး အတွက် ယာယီပြည်တွင်းဆိပ်ကမ်းတံတားအဖြစ်သတ်မှတ်သည့် အမိန့်ကြော်ငြာစာ အမှတ် (၅/၂၀၂၃) ထုတ်ပြန်ခြင်း
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာနသည် ပင်လယ်ရေကြောင်းအကောက်ခွန်အက်ဥပဒေပုဒ်မ ၁၁ အရ အပ်နှင်းထားသောလုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ကျေးပင်ကြီးရပ်ကွက်၊ ကမ်းနားလမ်းရှိ စစ်တွေကုလားတန်ဆိပ်ခံတံတားအား ကမ်းရိုးတန်းသွားနှင့်မြစ်တွင်းသွား သင်္ဘောများဆိုက်ကပ်အသုံးပြုရန် ယာယီပြည်တွင်းဆိပ်ကမ်းတံတားအဖြစ် သတ်မှတ်သည့်အမိန့်အား အမိန့်ကြော်ငြာစာအမှတ် (၅/၂၀၂၃) ဖြင့် ထုတ်ပြန်လိုက်သည်။
ထုတ်ပြန်သည့်ရက် | 2023-11-17 |
ဥပဒေ အမျိုးအစား | Notification |
ထုတ်ပြန်သည့်အဖွဲ့ | စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန |
တာဝန်ယူသည့် အဖွဲ့ | အကောက်ခွန်ဦးစီးဌာန |
ပြင်ဆင်သည့်ရက် | 2023-12-01 08:24:21 |