အမိန့်ကြော်ငြာစာအမှတ်၊ ၆၇/၂၀၂၀ (ကျွဲ၊ နွားများကို အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ခြင်းနှင့် ကျွဲ၊ နွားများကို ပြည်တွင်း၌ သယ်ဆောင်ခြင်းဆိုင်ရာအမိန့်အား ပြင်ဆင်ခြင်း)
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် တိရစ္ဆာန်များနှင့် စပ်လျဉ်း၍ ဘေးအန္တရာယ်၊ ကူးစက်ရောဂါနှင့် အခြားမလိုလားအပ်သောကိစ္စ မပေါ်ပေါက်စေရန် အတွက် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၄(ခ) နှင့် ပြည်ထောင်စုအစိုးရအဖွဲ့၏ ၂၂-၅-၂၀၁၉ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၃၄/ ၂၀၁၉ တို့အရ ၁၁-၃-၂၀၂၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက်အမှတ် ၃၀/ ၂၀၂၀ အား ပြင်ဆင်သည့် အမိန့်ကြေညာချက်အမှတ် ၆၇/၂၀၂၀ အား ၁-၆-၂၀၂၀ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။
ထုတ်ပြန်သည့်ရက် | 2020-06-02 |
ဥပဒေ အမျိုးအစား | Notification |
ထုတ်ပြန်သည့်အဖွဲ့ | စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန |
တာဝန်ယူသည့် အဖွဲ့ | မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန |
ပြင်ဆင်သည့်ရက် | 2022-10-05 04:05:48 |