ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ အန္တရာယ်မှ တားဆီးကာကွယ်ရေးဥပဒေ (၂၈/၂၀၁၃)
စက်မှုဝန်ကြီးဌာနသည် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ အန္တရာယ်မှ တားဆီးကာကွယ် ရေးဥပဒေ (၂၈/၂၀၁၃)ကို ထုတ်ပြန်လိုက်သည် ။ ဤဥပဒေ၏ ရည်ရွယ်ချက်မှာ -
(က) သဘာဝပတ်ဝန်းကျင်အရင်းအမြစ်များကို မထိခိုက်စေခြင်းနှင့် ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများကြောင့် သက်ရှိသတ္တဝါများအား အန္တရာယ်ဖြစ်စေခြင်းမှကာကွယ်ရန် ၊
(ခ) ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ အန္တရာယ်မှ ကင်းဝေးစေရန်အတွက် စနစ်တကျ ကြီးကြပ်ရန်၊
(ဂ) သတင်းအချက်အလက်များ ၊ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို စနစ်တကျအသုံးပြု နိုင်ရန်အတွက် ပညာပေးခြင်းလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ရန်၊
(ဃ) လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အတွက် ရေရှည်တည်တံ့ခိုင်မြဲဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်ရန် တို့ဖြစ်ပါသည်။
ထုတ်ပြန်သည့်ရက် | 2013-08-26 |
ဥပဒေ အမျိုးအစား | Law |
ထုတ်ပြန်သည့်အဖွဲ့ | စက်မှုဝန်ကြီးဌာန |
တာဝန်ယူသည့် အဖွဲ့ | ပြည်ထောင်စုဝန်ကြီးရုံး |
ပြင်ဆင်သည့်ရက် | 2024-09-20 07:09:30 |
picture_as_pdfအင်္ဂလိပ် picture_as_pdfမြန်မာ
Related Documents
ဖိုင်အမည် | ဘာသာစကား | ဖိုင်အရွယ်အစား | ဒေါင်းလုပ် |
---|---|---|---|
3-2016 (Issuing the List of Prohibited Chemical-Myan) | Myanmar | 1.14MB | file_downloadဒေါင်းလုပ် |
Notification No. 1-2020 | Myanmar | 136.45kB | file_downloadဒေါင်းလုပ် |
Notification No. 4-2020 | Myanmar | 4.29MB | file_downloadဒေါင်းလုပ် |