ပို့ကုန်သွင်းကုန်ဥပဒေ ၂၀၁၂
ပြည်ထောင်စုလွှတ်တော်သည် ပို့ကုန်သွင်းကုန်ဥပဒေကို ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့တွင် ပြဌာန်းလိုက်သည်။ ရည်ရွယ်ချက်များမှာ နိုင်ငံတော်၏ စီးပွားရေးအခြေခံမူများကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်၊ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုသည့် ပို့ကုန်သွင်းကုန်ဆိုင်ရာ မူဝါဒများကို ချမှတ်နိုင်ရန်၊ နိုင်ငံတော်၏ ပို့ကုန်သွင်းကုန်ဆိုင်ရာ မူဝါဒများနှင့် ဆောင်ရွက်ချက်များသည် နိုင်ငံတကာ ကုန်သွယ်မှုစံများနှင့် အညီဖြစ်စေရန်၊ ပို့ကုန်သွင်းကုန်ဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်ရာတွင် ချောမွေ့လွယ်ကူမြန်ဆန်စေရန်တို့ဖြစ်ပါသည်။
ထုတ်ပြန်သည့်ရက် | 2012-09-07 |
ဥပဒေ အမျိုးအစား | Law |
ထုတ်ပြန်သည့်အဖွဲ့ | စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန |
တာဝန်ယူသည့် အဖွဲ့ | ကုန်သွယ်ရေးဦးစီးဌာန |
ပြင်ဆင်သည့်ရက် | 2018-07-03 16:10:32 |