ပြည်တွင်းအရည်အသွေးမြင့် ထုတ်ကုန်များကို ပြည်ပဈေးကွက်သို့ ချဲ့ထွင်တင်ပို့ခြင်းအားဖြင့် ထုတ်လုပ်နိုင်စွမ်းကို မြှင့် တင်ရန်အတွက်လည်းကောင်း၊ နိုင်ငံခြားဈေးကွက်အခွင့်အလမ်းများ ပိုမိုရရှိစေရန်အတွက်လည်းကောင်းရည်ရွယ်၍ မြန် မာနိုင်ငံသားနှင့် ပေါင်းစည်းဆောင်ရွက်သော နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူများအား ပြည်တွင်းတွင် ရင်းနှီးမြှုပ်နှံ၍ ထုတ်လုပ် ရရှိသည့် အောက်ပါ အဆင့်မြင့်ကုန်ချောပစ္စည်းအုပ်စု (၂၂) များအား ဤအမိန့်ကြော်ငြာစာထုတ်ပြန်သည့်နေ့မှ စ၍ ပြည်ပသို့ တင်ပို့ခွင့်ပြုလိုက်သည်။ မြန်မာနိုင်ငံသားနှင့် ပေါင်းစည်ဆောင်ရွက်သော နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူများသည် အဆိုပါကုန် စည်များ ပြည်ပသို့တင်ပို့ရာတွင် သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများကို လိုက်နာရမည်-
(က) အသား၊ ငါး
(ခ) ကောက်ပဲသီးနှံများ
(ဂ) ပလက်စတစ်အမျိုးမျိုး
(ဃ) ပျော့ဖက်နှင့် စက္ကူအမျိုးမျိုး
(င) ကြွေရည်သုတ်ပစ္စည်းများ၊ အိုး၊ ခွက်၊ ပန်းကန်၊ ဇွန်း၊ ဓား၊ ခက်ရင်း အစရှိသည့် အိမ်သုံးပစ္စည်းများ
(စ) မီးလောင်လွယ်သော အခဲ၊ အရည်၊ အငွေ့၊ အေရိုဆော် (Acetylene, Gasoline, Propane, Hair Spray, Perfume, Deodorant, Insect Spray)
(ဆ) ဓာတ်တိုးစေသည့် ဓာတုပစ္စည်းများ၊ ဖိသိပ်ထားသည့် ဓာတ်ငွေ့များ၊ လောင်စားတတ်သည့် ဓာတုပစ္စည်း အမျိုးမျိုး (အငွေ့၊ အရည်၊ အခဲ)
(ဇ) သီးနှံထွက်ပစ္စည်းများအား တန်ဖိုးမြှင့်ထုတ်လုပ်ထားသော ဘီစကွတ်၊ ဝေဖာ၊ ခေါက်ဆွဲအမျိုးမျိုး၊ ကြာဆံ၊ မြူစွမ် စသည့်စားသောက်ကုန်များ
(ဈ) သကြားလုံး၊ ကိုကိုး၊ ချောကလက် အပါအဝင် မုန့်အချိအမျိုးမျိုး
(ည) နို့နှင့် နို့ထွက်ပစ္စည်းမှအပ ပြုပြင်ထုတ်လုပ်ခြင်း၊ စည်သွပ်ခြင်း ပြုလုပ်ထားသော အခြားစားသောက်ကုန်များ
(ဋ) မုယောဖောက်လုပ်ခြင်း၊ မုယောဖောက်လုပ်ခြင်းဖြင့် ထုတ်လုပ်သည့် ယမကာပစ္စည်းများ
(ဌ) ယမကာနှင့် ယမကာမဟုတ်သော အရက်၊ အရက်ပြန် စသည့်ပစ္စည်းများ
(ဎ) ဆပ်ပြာအမျိုးမျိုး
(ဏ) အလှကုန်ပစ္စည်းအမျိုးမျိုး
(တ) တိရစ္ဆာန်ရောဂါကာကွယ်ဆေး၊ တိရစ္ဆာန်သုံးဆေးဝါးအမျိုးမျိုး
(ထ) တိရစ္ဆာန်အစာနှင့် ဖြည့်စွက်စာ
(ဒ) မျိုးစေ့များ
(ဓ) စိုက်ပျိုးရေးသုံး ပိုးသတ်ဆေး၊ မြေသြဇာ၊ ဟော်မုန်း၊ ပေါင်းသတ်ဆေးများ
(န) သန့်စင်ထားသည့် သတ္တုရိုင်းများ
(ပ) ကောက်ပဲသီးနှံနှင့် သစ်သီးဝလံကုန်ကြမ်းတို့မှ အဆင့်မြင့် ထုတ်လုပ်ထားသော ကုန်ချောပစ္စည်းများ
(ဖ) သစ်အခြေခံပရိဘောဂပစ္စည်းများ
ထုတ်ပြန်သည့်ရက် | 2018-01-22 |
ဥပဒေ အမျိုးအစား | Notification |
ထုတ်ပြန်သည့်အဖွဲ့ |
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
|
တာဝန်ယူသည့် အဖွဲ့ |
ကုန်သွယ်ရေးဦးစီးဌာန
|
ပြင်ဆင်သည့်ရက် |
2018-06-11 13:52:37
|