Name |
Type |
Description |
Legal Documents |
Agency |
Export/Import |
သွင်းကုန်လိုင်စင်လျှောက်ထားရန်လိုအပ်ခြင်း
|
ကျင့်သုံးဆောင်ရွက်မှုများအပြင် အလိုအလျောက်မဟုတ်သောလိုင်စင်စနစ်၊ ပမာဏကန့်သတ်မှုများ၊ တားမြစ်ချက်များနှင့် အရေအတွက်ထိန်းချုပ်စီမံဆောင်ရွက်မှုများ |
ဤစီမံဆောင်ရွက်မှု (အမိန့်ကြော်ငြာစာအမှတ် ၂၂/၂၀၁၉) သည် သွင်းကုန်လိုင်စင်လျှောက်ထားရန် လိုအပ်ကြောင်း ဖော်ပြထားပါသည်။ ဤကုန်စည်ကိုတင်သွင်းလိုသည့် မည်သူမဆို သွင်းကုန်လိုင်စင်ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် လျှောက်ထားရမည်ဖြစ်ပါသည်။ ဤစီမံဆောင်ရွက်မှု၏ ရည်ရွယ်ချက်မှာ နိုင်ငံတကာသဘောတူညီချက်များနှင့်လိုက်လျောညီထွေဖြစ်သည့်ကုန်သွယ်မှုဖြစ်စေရန် ဖြစ်ပါသည်။ |
View
|
ကုန်သွယ်ရေးဦးစီးဌာန |
Import |
ငါးအရှင်တင်သွင်းခြင်းအတွက် အတည်ပြုချက်ရယူရန်လိုအပ်ခြင်း
|
လူ၊ တိရိစ္ဆာန်နှင့်အပင်တို့၏ ကျန်းမားရေးနှင့်ပိုမွှားရောဂါကင်းစင်သန့်ရှင်းရေးဆိုင်ရာ စီမံဆောင်ရွက်မှု |
ဤစီမံဆောင်ရွက်မှု (အခန်း ၈၊ ပုဒ်မ ၂၉ (ဂ) နှင့် အခန်း ၁၀၊ ပုဒ်မ ၃၅) သည် ကုန်စည်တင်သွင်းမှုအတွက် သက်ဆိုင်ရာဌာနမှ အတည်ပြုချက်ရယူရန်လိုအပ်ကြောင်းဖော်ပြထားပါသည်။ ငါးအရှင်ကို ပြည်ပမှ ပြည်တွင်းသို့ တင်သွင်းခြင်းနှင့်စပ်လျဉ်း၍ ဦးစီးဌာန၏ ကြိုတင်ခွင့်ပြုချက် ရယူရမည်။ ရည်ရွယ်ချက်မှာ ငါးများ ကျန်းမာရောဂါကင်းရှင်းရေးဖြစ်ပါသည်။ |
View
|
ငါးလုပ်ငန်းဦးစီးဌာန |
Import |
ငါးစိမ်းတင်သွင်းခြင်းအတွက် အတည်ပြုချက်ရယူရန်လိုအပ်ခြင်း
|
လူ၊ တိရိစ္ဆာန်နှင့်အပင်တို့၏ ကျန်းမားရေးနှင့်ပိုမွှားရောဂါကင်းစင်သန့်ရှင်းရေးဆိုင်ရာ စီမံဆောင်ရွက်မှု |
ဤစီမံဆောင်ရွက်မှု (ညွှန်ကြားချက်အမှတ် ၉/၂၀၁၄) သည် ငါးစိမ်းများတင်သွင်းခြင်းအတွက် သက်ဆိုင်ရာဌာနမှ အတည်ပြုချက်ရယူရန်လိုအပ်ကြောင်းဖော်ပြထားပါသည်။ ငါးစိမ်းတင်သွင်း လိုသော ကုမ္ပဏီများသည် ငါးလုပ်ငန်းဦးစီးဌာနတွင် သွင်းကုန်ထောက်ခံချက်ကို လိုအပ်သော အထောက်အထားအချက်အလက်များနှင့်အတူ လျှောက်ထားရယူရမည်ဖြစ်ပါသည်။ ရည်ရွယ်ချက် မှာ ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးအတွက်ဖြစ်ပါသည်။ |
View
|
ငါးလုပ်ငန်းဦးစီးဌာန |
Import |
ငါးစိမ်းများတင်သွင်းခြင်းအတွက် အသိအမှတ်ပြုမှုလိုအပ်ချက်
|
လူ၊ တိရိစ္ဆာန်နှင့်အပင်တို့၏ ကျန်းမားရေးနှင့်ပိုမွှားရောဂါကင်းစင်သန့်ရှင်းရေးဆိုင်ရာ စီမံဆောင်ရွက်မှု |
ဤစီမံဆောင်ရွက်မှု (ညွှန်ကြားချက်အမှတ် ၉/၂၀၁၄) သည် ငါးစိမ်းတင်သွင်းမှုအတွက် အသိအမှတ်ပြုချက်များတင်ပြရန်လိုအပ်ကြောင်းဖော်ပြထားပါသည်။ ငါးစိမ်းတင်သွင်းလိုသော ကုမ္ပဏီများသည် သွင်းကုန်ထောက်ခံချက်ကို ငါးလုပ်ငန်းဦးစီးဌာနတွင် လျှောက်ထားရာ၌ ကုမ္ပဏီမှတ်ပုံတင်၊ ထုတ်ကုန်သွင်းကုန်လုပ်ငန်းရှင်လက်မှတ်၊ Sanitary Certificate / Health Certificate မိတ္ထူများ၊ Proforma Invoice များနှင့်အတူတင်ပြရမည်။ ရည်ရွယ်ချက်မှာ ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးအတွက်ဖြစ်ပါသည်။ |
View
|
ငါးလုပ်ငန်းဦးစီးဌာန |
Import |
တင်သွင်းမည့်ငါးစိမ်းများ၏ပင်ရင်းနေရာ
|
လူ၊ တိရိစ္ဆာန်နှင့်အပင်တို့၏ ကျန်းမားရေးနှင့်ပိုမွှားရောဂါကင်းစင်သန့်ရှင်းရေးဆိုင်ရာ စီမံဆောင်ရွက်မှု |
ဤစီမံဆောင်ရွက်မှု (ညွှန်ကြားချက်အမှတ် ၉/၂၀၁၄) သည် တင်သွင်းကုန်စည်များ၏ ပင်ရင်းဒေသအချက်အလက်များကို ဖော်ပြရန်လိုအပ်ကြောင်းဖော်ပြထားပါသည်။ ငါးစိမ်းတင်သွင်းလိုသော ကုမ္ပဏီများသည် သွင်းကုန်ထောက်ခံချက်ကို ငါးလုပ်ငန်းဦးစီးဌာနတွင် လျှောက်ထားရာ၌ တင်သွင်းမည့် ငါးစိမ်းများ၏ Certificate of Origin ကို တင်ပြရမည်ဖြစ်ပါသည်။ ရည်ရွယ်ချက်မှာ ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးအတွက်ဖြစ်ပါသည်။ |
View
|
ငါးလုပ်ငန်းဦးစီးဌာန |
Import |
တင်သွင်းမည့်ငါးစိမ်းများအား ဓါတ်ခွဲစစ်ဆေးရန်လိုအပ်ချက်
|
|
ဤစီမံဆောင်ရွက်မှု (ညွှန်ကြားချက်အမှတ် ၉/၂၀၁၄) သည် ကုန်စည်များအား သတ်မှတ်စည်းမျဉ်းစည်းကမ်းများအတိုင်း စမ်းသပ်စစ်ဆေးရန် လိုအပ်ကြောင်းဖော်ပြထားပါ သည်။ ငါးစိမ်းတင်သွင်းလိုသော ကုမ္ပဏီများသည် သွင်းကုန်ထောက်ခံချက်ကို ငါးလုပ်ငန်းဦးစီးဌာနတွင် လျှောက်ထားရာ၌ တင်သွင်းလိုသည့် ငါးအမျိုးအစားအလိုက် နမူနာအား ဓါတ်ခွဲခန်းသို့ပေးပို့၍ ကြိုတင်စစ်ဆေးရမည်။ ရည်ရွယ်ချက်မှာ ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးအတွက်ဖြစ်ပါသည်။ |
View
|
ငါးလုပ်ငန်းဦးစီးဌာန |
Import |