Name |
Type |
Description |
Legal Documents |
Agency |
Export/Import |
ပို့ကုန်လိုင်စင်လျှောက်ထားရန် လိုအပ်ခြင်း
|
ပို့ကုန်နှင့်ဆက်စပ်သောစီမံဆောင်ရွက်မှုများ |
ဤစီမံဆောင်ရွက်မှု (အမိန့်ကြော်ငြာစာအမှတ် ၉/၂၀၁၈) သည် ပို့ကုန်လိုင်စင်လျှောက်ထားရန် လိုအပ်ကြောင်းဖော်ပြထားပါသည်။ ဤကုန်စည်ကိုတင်ပို့လိုသည့် မည်သူမဆို ပို့ကုန်လိုင်စင်ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် လျှောက်ထားရမည်ဖြစ်ပါသည်။ ဤစီမံ ဆောင်ရွက်မှု၏ ရည်ရွယ်ချက်မှာ နိုင်ငံတကာသဘောတူညီချက်များနှင့်လိုက်လျောညီထွေဖြစ် သည့်ကုန်သွယ်မှုဖြစ်စေရန်၊ ပြည်တွင်းထုတ်လုပ်မှုများအဆင်ပြေချောမွေ့စေရန်နှင့် ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများကို ကာကွယ်ရန်ဖြစ်ပါသည်။ |
View
|
ကုန်သွယ်ရေးဦးစီးဌာန |
Export |
Authorization Requirement to Export for Food
|
ပို့ကုန်နှင့်ဆက်စပ်သောစီမံဆောင်ရွက်မှုများ |
This measure (Chapter 10, Para 24 and 25) provides the requirement to get the authorization from the relevant agency for the product exporting. No one shall export controlled food produced without a license and no one who exports food shall fail to abide by the order, directive and conditions issued by the relevant agency. The objectives of the measure are to enable the public to consume food of genuine quality, free from danger and hygienic, to prevent the public from consuming food that may cause danger or are injurious to health, to supervise production of controlled food systemically, to control and regulate the production, import, export, storage, distribution and sale of food systematically. |
View
|
အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန |
Export |
အပင်နှင့်အပင်ထွက်ပစ္စည်းများအတွက် တင်ပို့နိုင်ငံ၏ အသိအမှတ်ပြုရယူရန်လိုအပ်ချက်
|
ပို့ကုန်နှင့်ဆက်စပ်သောစီမံဆောင်ရွက်မှုများ |
ဤစီမံဆောင်ရွက်မှု (အခန်း ၃၊ အပိုဒ် ၅ နှင့် ၆ (ဂ)) သည် ကုန်စည်များမတင်ပို့မီ တင်ပို့နိုင်ငံမှ အသိအမှတ်ပြုလက်မှတ်ရယူရန် လိုအပ်ကြောင်းဖော်ပြထားပါသည်။ အပင် သို့မဟုတ် အပင်ထွက် ပစ္စည်းကို ပြည်တွင်းမှ ပြည်ပသို့တင်ပို့ခွင့်ရရှိသူသည် ပိုးမွှားကင်းရှင်းကြောင်းလက်မှတ်ရယူရန် သို့မဟုတ် ပိုးသတ်ပေးရန် သို့မဟုတ် ပိုးမွှားသန့်စင်ပေးရန် မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းသို့ သတ်မှတ်သည့် အခကြေးငွေပေးဆောင်ပြီး လျှောက်ထားနိုင်သည်။ အပင်၊ အပင်ထွက်ပစ္စည်း၊ ပိုးမွှား၊ အကျိုးပြုသက်ရှိ သို့မဟုတ် မြေကြီးကို ကြားစခန်းမှ တစ်ဆင့် ပြည်ပသို့ ပြန်လည်တင်ပို့ ရာတွင် ပိုးမွှားကင်းရှင်းကြောင်းလက်မှတ် ရယူလိုပါက မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းသို့ သတ်မှတ်သည့် အခကြေးငွေပေးဆောင်ပြီး လျှောက်ထားရယူနိုင်ပါသည်။ ဤစီမံဆောင်ရွက်မှု၏ ရည်ရွယ်ချက်များမှာ လူသားဘဝနှင့် ကျန်းမာရေးကို ကာကွယ်ရန်နှင့် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းရန်ဖြစ်ပါသည်။ |
View
|
စိုက်ပျိုးရေးဦးစီးဌာန |
Export |
အပင်နှင့် အပင်ထွက်ပစ္စည်းများတဆင့်ပြန်လည်တင်ပို့မှုအတွက် စီမံဆောင်ရွက်မှု
|
ပို့ကုန်နှင့်ဆက်စပ်သောစီမံဆောင်ရွက်မှုများ |
ဤစီမံဆောင်ရွက်မှု (အခန်း ၃၊ အပိုဒ် ၆) သည် ပြည်ပမှတင်သွင်းလာသော မူရင်းကုန်စည်ကို ပြည်ပသို့ပြန်လည်တင်ပို့ခြင်းအပေါ် တင်ပို့နိုင်ငံ၏ အစိုးရမှ သတ်မှတ်သောစီမံဆောင်ရွက်မှုများ ဖြစ်ပါသည်။ အပင်၊ အပင်ထွက်ပစ္စည်း၊ ပိုးမွှား၊ အကျိုးပြုသက်ရှိ သို့မဟုတ် မြေကြီးကို ကြားစခန်းမှတစ်ဆင့် ပြည်ပသို့ ပြန်လည်တင်ပို့ရာတွင် စစ်ဆေးရာ၌ထိန်းချုပ်ပိုးမွှားတွေ့ရှိရပါက ပိုးသတ်ခြင်း သို့မဟုတ် ပိုးမွှားသန့်စင်ခြင်းကို မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းက ဆောင်ရွက်ခွင့်ရှိသည်။ ကုန်ကျစရိတ်ကို သက်ဆိုင်သူ ကျခံရမည်။ ပိုးမွှားကင်းရှင်းကြောင်းလက်မှတ် ရယူလိုပါက မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းသို့ သတ်မှတ်သည့် အခကြေးငွေပေးဆောင်ပြီး လျှောက်ထားရယူနိုင်ပါသည်။ ဤစီမံဆောင်ရွက်မှု၏ ရည်ရွယ်ချက်များမှာ လူသားဘဝနှင့် ကျန်းမာရေးကို ကာကွယ်ရန်နှင့် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းရန်ဖြစ်ပါသည်။ |
View
|
စိုက်ပျိုးရေးဦးစီးဌာန |
Export |