Name |
Type |
Description |
Legal Documents |
Agency |
Export/Import |
သွင်းကုန်လိုင်စင်လျှောက်ထားရန်လိုအပ်ခြင်း
|
ကျင့်သုံးဆောင်ရွက်မှုများအပြင် အလိုအလျောက်မဟုတ်သောလိုင်စင်စနစ်၊ ပမာဏကန့်သတ်မှုများ၊ တားမြစ်ချက်များနှင့် အရေအတွက်ထိန်းချုပ်စီမံဆောင်ရွက်မှုများ |
ဤစီမံဆောင်ရွက်မှု (အမိန့်ကြော်ငြာစာအမှတ် ၂၂/၂၀၁၉) သည် သွင်းကုန်လိုင်စင်လျှောက်ထားရန် လိုအပ်ကြောင်း ဖော်ပြထားပါသည်။ ဤကုန်စည်ကိုတင်သွင်းလိုသည့် မည်သူမဆို သွင်းကုန်လိုင်စင်ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် လျှောက်ထားရမည်ဖြစ်ပါသည်။ ဤစီမံဆောင်ရွက်မှု၏ ရည်ရွယ်ချက်မှာ နိုင်ငံတကာသဘောတူညီချက်များနှင့်လိုက်လျောညီထွေဖြစ်သည့်ကုန်သွယ်မှုဖြစ်စေရန် ဖြစ်ပါသည်။ |
View
|
ကုန်သွယ်ရေးဦးစီးဌာန |
Import |
မျိုးစေ့တင်သွင်းမှုအတွက် SPS ဆိုင်ရာထောက်ခံချက်ကို သက်ဆိုင်ရာဌာနမှ ရယူရန်လိုအပ်ချက်
|
လူ၊ တိရိစ္ဆာန်နှင့်အပင်တို့၏ ကျန်းမားရေးနှင့်ပိုမွှားရောဂါကင်းစင်သန့်ရှင်းရေးဆိုင်ရာ စီမံဆောင်ရွက်မှု |
ဤစီမံဆောင်ရွက်မှု (အခန်း ၄၊ အပိုဒ် ၃၀) သည် ကုန်စည်အပေါ်သက်ဆိုင်ရာဌာနမှ အတည်ပြုချက်ရယူရန်လိုအပ်ကြောင်းဖော်ပြထားပါသည်။ မျိုးစေ့ကိုပြည်တွင်းသို့တင်သွင်းခြင်းပြုလုပ်လိုသူသည် မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီကထုတ်ပေးသော အသိအမှတ်ပြုလက်မှတ်ရရှိပြီးသည့် မျိုးများကိုသာ တင်သွင်းခွင့်ရှိသည်။ ရည်ရွယ်ချက်မှာ မျိုးသန့်မျိုးစေ့ကို အသုံးပြု၍ သီးနှံစိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် နိုင်ငံတော်၏စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေရန်ဖြစ်ပါသည်။ |
View
|
စိုက်ပျိုးရေးဦးစီးဌာန |
Import |
SPS အကြောင်းပြချက်ဖြင့် မျိုးစေ့တင်သွင်းသူများအတွက် သက်ဆိုင်ရာဌာနမှ အတည်ပြုချက်ရယူရန်လိုအပ်ချက်
|
လူ၊ တိရိစ္ဆာန်နှင့်အပင်တို့၏ ကျန်းမားရေးနှင့်ပိုမွှားရောဂါကင်းစင်သန့်ရှင်းရေးဆိုင်ရာ စီမံဆောင်ရွက်မှု |
ဤစီမံဆောင်ရွက်မှု (အခန်း ၄၊ အပိုဒ် ၃၁) သည် တင်သွင်းသူများအတွက် ထောက်ခံချက်ကို သက်ဆိုင်ရာဌာနမှ ရယူရန်လိုအပ်ကြောင်းဖော်ပြထားပါသည်။ မျိုးစေ့ကို ပြည်တွင်းသို့ တင်သွင်းခြင်း ပြုလုပ်လိုသော မျိုးစေ့လုပ်ငန်းလိုင်စင်ရရှိသူသည် ထောက်ခံချက်ရရှိရန် မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီသို့လျှောက်ထားရမည်။ ရည်ရွယ်ချက်မှာ မျိုးသန့်မျိုးစေ့ကို အသုံးပြု၍ သီးနှံစိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် နိုင်ငံတော်၏စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေရန်ဖြစ်ပါသည်။ |
View
|
စိုက်ပျိုးရေးဦးစီးဌာန |
Import |
မျိုးစေ့အရည်အသွေးစစ်ဆေးရန်လိုအပ်ချက်
|
လူ၊ တိရိစ္ဆာန်နှင့်အပင်တို့၏ ကျန်းမားရေးနှင့်ပိုမွှားရောဂါကင်းစင်သန့်ရှင်းရေးဆိုင်ရာ စီမံဆောင်ရွက်မှု |
ဤစီမံဆောင်ရွက်မှု (အခန်း ၄၊ အပိုဒ် ၃၁၊ က) သည် သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကုန်စည်ကိုစစ်ဆေးရန်လိုအပ်ကြောင်းဖော်ပြထားပါသည်။ မျိုးစေ့ကိုပြည်တွင်းသို့တင်သွင်းခြင်းပြုလုပ်လိုသော မျိုးစေ့လုပ်ငန်းလိုင်စင်ရရှိသူသည် ထောက်ခံချက်ရရှိရန် မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီသို့ မျိုးစေ့နမူနာကို ပူးတွဲ၍ လျှောက်ထားရမည်။ ရည်ရွယ်ချက်မှာ မျိုးသန့်မျိုးစေ့ကို အသုံးပြု၍ သီးနှံစိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် နိုင်ငံတော်၏စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေရန်ဖြစ်ပါသည်။ |
View
|
စိုက်ပျိုးရေးဦးစီးဌာန |
Import |
မျိုးစေ့များအတွက် SPS ဆိုင်ရာအကဲဖြတ်မှု
|
လူ၊ တိရိစ္ဆာန်နှင့်အပင်တို့၏ ကျန်းမားရေးနှင့်ပိုမွှားရောဂါကင်းစင်သန့်ရှင်းရေးဆိုင်ရာ စီမံဆောင်ရွက်မှု |
ဤစီမံဆောင်ရွက်မှု (အခန်း ၄၊ အပိုဒ် ၃၁၊ ဂ) သည် သတ်မှတ် SPS လိုအပ်ချက်များနှင့် ကိုက်ညီမှု ရှိ/ မရှိကို အကဲဖြတ်ရန်လိုအပ်ကြောင်းဖော်ပြထားပါသည်။ မျိုးစေ့ကိုပြည်တွင်းသို့တင်သွင်းခြင်းပြုလုပ်လိုသော မျိုးစေ့လုပ်ငန်းလိုင်စင်ရရှိသူသည် ထောက်ခံချက်ရရှိရန် မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီသို့ မျိုး၏အရည်အသွေးနှင့် အရည်အချင်းလက္ခဏာများကို ပူးတွဲ၍ လျှောက်ထားရမည်။ ရည်ရွယ်ချက်မှာ မျိုးသန့်မျိုးစေ့ကို အသုံးပြု၍ သီးနှံစိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် နိုင်ငံတော်၏စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေရန်ဖြစ်ပါသည်။ |
View
|
စိုက်ပျိုးရေးဦးစီးဌာန |
Import |
မျိုးစေ့အရည်အသွေးအသိအမှတ်ပြုမှုလိုအပ်ချက်
|
လူ၊ တိရိစ္ဆာန်နှင့်အပင်တို့၏ ကျန်းမားရေးနှင့်ပိုမွှားရောဂါကင်းစင်သန့်ရှင်းရေးဆိုင်ရာ စီမံဆောင်ရွက်မှု |
ဤစီမံဆောင်ရွက်မှု (အခန်း ၄၊ အပိုဒ် ၃၁၊ ခ နှင့် ဃ) သည် ကုန်စည်မတင်သွင်းမီ အတည်ပြုချက်ရယူထားရန်လိုအပ်ကြောင်းဖော်ပြထားပါသည်။ မျိုးစေ့ကိုပြည်တွင်းသို့တင်သွင်းခြင်းပြုလုပ်လိုသော မျိုးစေ့လုပ်ငန်းလိုင်စင်ရရှိသူသည် ထောက်ခံချက်ရရှိရန် မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီသို့ မျိုးစေ့အရည်အသွေးထောက်ခံချက် မိတ္ထူနှင့် ပိုးမွှားရောဂါကင်းစင်ကြောင်းထောက်ခံချက်ကို ပူးတွဲ၍ လျှောက်ထားရမည်။ ရည်ရွယ်ချက်မှာ မျိုးသန့်မျိုးစေ့ကို အသုံးပြု၍ သီးနှံစိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် နိုင်ငံတော်၏စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေရန်ဖြစ်ပါသည်။ |
View
|
စိုက်ပျိုးရေးဦးစီးဌာန |
Import |
မျိုးစေ့အရည်အသွေးအသိအမှတ်ပြုမှုလိုအပ်ချက်
|
လူ၊ တိရိစ္ဆာန်နှင့်အပင်တို့၏ ကျန်းမားရေးနှင့်ပိုမွှားရောဂါကင်းစင်သန့်ရှင်းရေးဆိုင်ရာ စီမံဆောင်ရွက်မှု |
ဤစီမံဆောင်ရွက်မှု (အခန်း ၄၊ အပိုဒ် ၃၁၊ င) သည် ကုန်စည်အပေါ် သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ အသိအမှတ်ပြုကြောင်း တင်ပြရန်လိုအပ်ကြောင်း ဖော်ပြထားပါသည်။ မျိုးစေ့ကိုပြည်တွင်းသို့တင်သွင်းခြင်းပြုလုပ်လိုသော မျိုးစေ့လုပ်ငန်းလိုင်စင်ရရှိသူသည် ထောက်ခံချက်ရရှိရန် မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီသို့ အသိအမှတ်ပြုလက်မှတ်မိတ္ထူကို ပူးတွဲ၍ လျှောက်ထားရမည်။ ရည်ရွယ်ချက်မှာ မျိုးသန့်မျိုးစေ့ကို အသုံးပြု၍ သီးနှံစိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် နိုင်ငံတော်၏စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေရန်ဖြစ်ပါသည်။ |
View
|
စိုက်ပျိုးရေးဦးစီးဌာန |
Import |