လုပ်ထုံးလုပ်နည်း

ဓာတ်ရောင်ခြည်ထုတ်စက် ဓာတ်ရောင်ခြည်ထုတ်ကိရိယာ (သို့မဟုတ်) ရေဒီယိုသတ္တိကြွဒြပ်ပစ္စည်း တင်သွင်းခြင်းအတွက် ကြိုတင်ခွင့်ပြုချက်၊ မှတ်ပုံတင်လက်မှတ်နှင့် လိုင်စင်လျှောက်ထားရာတွင် ဆောင်ရွက်ပုံအဆင့်ဆင့်

Last Updated: 2022-05-24 07:04:11

Summary
နျူကလီးယားပစ္စည်း၊ ရေဒီယိုသတ္တိကြွပစ္စည်း (သို့) ရောင်ခြည်ထုတ်ကိရိယာများ တင်သွင်းခြင်းအတွက်ထောက်ခံချက်ရယူခြင်း၊
Description

ဓာတ်ရောင်ခြည်ထုတ်စက် ဓာတ်ရောင်ခြည်ထုတ်ကိရိယာ (သို့မဟုတ်) ရေဒီယိုသတ္တိကြွဒြပ်ပစ္စည်း
တင်သွင်းခြင်းအတွက် ကြိုတင်ခွင့်ပြုချက်၊ မှတ်ပုံတင်လက်မှတ်နှင့် လိုင်စင်လျှောက်ထားရာတွင် ဆောင်ရွက်ပုံအဆင့်ဆင့်

၁။    ဓာတ်ရောင်ခြည်ထုတ်စက်/ ဓာတ်ရောင်ခြည်ထုတ်ကိရိယာ (သို့မဟုတ်) ရေဒီယိုသတ္တိကြွဒြပ်ပစ္စည်းကို တင်သွင်းခြင်း၊ ပြန်လည်တင်ပို့ခြင်းဆောင်ရွက်လိုသူသည် အဏုမြူစွမ်းအင်ဦးစီးဌာနရှိ ကြိုတင်ခွင့်ပြုချက် (အစ- ၅)ပုံစံကို ထုတ်ယူလျှောက်ထားနိုင်သည်။
၂။    လျှောက်ထားသူသည် လျှောက်လွှာပုံစံ (အစ-၅) နှင့်အတူ တင်သွင်းခြင်း၊ ပြန်လည်တင်ပို့ခြင်းဆောင်ရွက်မည့် ဓာတ်ရောင်ခြည်ထုတ်စက်/ ဓာတ်ရောင်ခြည်ထုတ် ကိရိယာ (သို့မဟုတ်) ရေဒီယိုသတ္တိကြွဒြပ်ပစ္စည်းနှင့်သက်ဆိုင်သော အသေးစိတ်အချက်အလက်စာရွက်စာတမ်း အပြည့်အစုံဖြင့်လျှောက်ထားရမည်။ (လိုင်စင်လျှောက် ထားရာတွင်လိုအပ်သောအချက်အလက်များအတိုင်း ပြည့်စုံစွာပါဝင်ရမည်။)
၃။    အဏုမြူစွမ်းအင်ဦးစီးဌာနသည် လျှောက်လွှာများကို စည်းကမ်းသတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိ ၊မရှိ စိစစ်ခြင်း၊ စစ်ဆေးခြင်းများဆောင်ရွက်၍ သတ်မှတ်ချက်များ နှင့် ကိုက်ညီသောလျှောက်လွှာများကို ကြိုတင်ခွင့်ပြုမိန့် (အစ-၆) ကိုထုတ်ပေးမည်ဖြစ်သည်။ ဤအဆင့်တွင် လျှောက်ထားသူက သတ်မှတ်အခကြေးငွေကို အဏုမြူစွမ်း အင်ဦးစီးဌာန၏ ဘဏ်စာရင်းသို့ ပေးသွင်းရမည်။
၄။    တင်သွင်းလာသော ဓာတ်ရောင်ခြည်ထုတ်စက်/ ဓာတ်ရောင်ခြည်ထုတ်ကိရိယာ(သို့မဟုတ်) ရေဒီယိုသတ္တိကြွဒြပ်ပစ္စည်းကို ကြိုတင်ခွင့်ပြုမိန့်ပါ ဖော်ပြချက်အတိုင်း မှန်ကန်မှုရှိ၊ မရှိ ၊ ဘေးအန္တရာယ်ကင်းရှင်းမှု ရှိ၊ မရှိ စိစစ်ပြီးပါက အဆိုပါပစ္စည်းအားလက်ဝယ်ထားရှိခြင်းအတွက် အဏုမြူစွမ်းအင်ဦးစီးဌာနသို့ လျှောက်လွှာပုံစံ (အစ-၁) ဖြင့်
မှတ်ပုံတင်လက်မှတ်လျှောက်ထားရမည်။
၅။    ထို့နောက် အဏုမြူစွမ်းအင်ဦးစီးဌာနမှ လက်ဝယ်ပိုင်ဆိုင်ခွင့် မှတ်ပုံတင်လက်မှတ် ( အစ-၂) အား ထုတ်ပေးပါသည်။
၆။    လက်ဝယ်ပိုင်ဆိုင်ခွင့် မှတ်ပုံတင်လက်မှတ်ရရှိပြီးသော ဓာတ်ရောင်ခြည်ထုတ်စက်/ ဓာတ်ရောင်ခြည်ထုတ်ကိရိယာ (သို့မဟုတ်) ရေဒီယိုသတ္တိကြွဒြပ်ပစ္စည်းအားအသုံး ပြုခြင်း၊ ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်း (သို့မဟုတ်) ရောင်းချခြင်းများပြုလုပ်မည်ဆိုပါက လျှောက်လွှာပုံစံ (အစ-၃) ဖြင့် အဏုမြူစွမ်းအင်ဦးစီးဌာနသို့ လိုင်စင်လျှောက်ထားရမည်။
၇။    အဏုမြူစွမ်းအင်ဦးစီးဌာနမှ သတ်မှတ်ချက်များနှင့်အညီ ကိုက်ညီမှု ရှိ၊ မရှိ စိစစ်ပြီး သွားရောက်စစ်ဆေးခြင်းကို ဆောင်ရွက်မည်ဖြစ်ပါသည်။ သတ်မှတ်ချက်များနှင့် ကိုက်ညီပါက လိုင်စင်ထုတ်ပေးမည်ဖြစ်ပါသည်။ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ လိုအပ်ချက်များတွေ့ရှိရပါက လုပ်ငန်းခွင်အား ယာယီရပ်ဆိုင်းစေမည်ဖြစ်သည်။ ထို့နောက် သတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိပြီး ပြန်လည်တည့်မတ်ခြင်းလုပ်ငန်း ပြီးစီးအောင်ဆောင်ရွက်ပြီးသောအခါ အသုံးပြုခွင့်လိုင်စင်(အစ-၄) ထုတ်ပေးမည်ဖြစ် သည်။ ၎င်းအတွက်လျှောက်ထားသူသည် သတ်မှတ်အခကြေးငွေအား သတ်မှတ်ချက်အတိုင်း အဏုမြူစွမ်းအင်ဦးစီးဌာန၏ ဘဏ်စာရင်းအမှတ်သို့ ပေးသွင်းရမည်။
၈။    လိုင်စင်လျှောက်ထားသူသည် အောက်ပါအချက်များအား စနစ်တကျ လိုက်နာဆောင်ရွက်ရမည်- 

(က)   ဓာတ်ရောင်ခြည်ကာကွယ်ရေးအစီအစဉ်များဆောင်ရွက်ရန် ဓာတ်ရောင်ခြည်ကာကွယ်ရေးအရာရှိ တစ်ဦးခန့်အပ်ထားရှိခြင်း၊

(ခ)   လူတစ်ဦးချင်းစီ၏ရောင်ခြည်သင့်မှုတိုင်တားရေး ကိရိယာ၊ ဓာတ်ရောင်ခြည်ကာကွယ်ရေးပစ္စည်းများနှင့် ဓာတ်ရောင်ခြည်ကာကွယ်ရေးအစီအမံများအား အသုံးပြုလိုက်နာဆောင်ရွက်ခြင်း၊

(ဂ)    ဓာတ်ရောင်ခြည်ကာကွယ်ရေးအစီအစဉ်များ ပြည့်စုံစွာဆောင်ရွက်ခြင်း (ဘေးအန္တရာယ်ကင်းရှင်းရေး ၊ လုံခြုံရေး)၊

(ဃ)    ပတ်ဝန်းကျင်ညစ်ညမ်းမှုထိန်းသိမ်းရေးအစီအစဉ်များ ဆောင်ရွက်ခြင်း၊

(င)    ခွင့်ပြုမိန့် (လိုင်စင်) ပါ စည်ကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်း၊

(စ)    အဏုမြူစွမ်းအင်ဦးစီးဌာနကထုတ်ပြန်ထားသော ဓာတ်ရောင်ခြည်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ဓာတ်ရောင်ခြည်ကာကွယ်ရေးဆိုင်ရာ လိုအပ်ချက်များကို လိုက်နာခြင်း၊

(ဆ)    ဓာတ်ရောင်ခြည် လုပ်သားတစ်ဦးချင်းစီ၏ လုပ်ငန်းခွင်ဓာတ်ရောင်ခြည်သင့်ရောက်မှုမှတ်တမ်းများကို  ထိန်းသိမ်းထားရှိခြင်း၊

(ဇ)  ရေဒီယိုသတ္တိကြွပင်ရင်းများ ပျောက်ဆုံးခြင်း၊ ခိုးယူခြင်း၊ ပျက်စီးခြင်းနှင့် ခွင့်ပြုချက်မရှိပဲလွှဲပြောင်းခြင်း၊ ရေဒီယိုသတ္တိကြွပင်ရင်းများထားရှိသည့်နေရာသို့ ချဉ်းကပ်ဝင်ရောက်ခြင်းကို တားမြစ်နိုင်ရန်အတွက် လုံခြုံရေးအစီအမံများကို ဆောင်ရွက်ထားရှိခြင်း။

Source: https://myanmartradeportal.gov.mm/my/procedure/90