လုပ်ထုံးလုပ်နည်း

မြေဩဇာတင်သွင်းခွင့်/ တင်ပိုခွင့် မှတ်ပုံတင်လျှောက်ထားခြင်း

Last Updated: 2023-03-31 03:38:53

Summary
စိုက်ပျိုးရေးသွင်းအားစုများဖြစ်သည့် မြေဩဇာ၊ မျိုးစေ့နှင့်ပိုးသတ်ဆေးများ တင်သွင်း/ ထုတ်လုပ်ရန်အတွက်မှတ်ပုံတင်ခြင်း၊ သိုလှောင်လိုင်စင်လျှောက်ထားခြင်းနှင့် သွင်းကုန်လိုင်စင်ထောက်ခံချက်‌ လျှောက်ထားခြင်းများကို Myanmar Agricultural Inputs Registration System (MAIRS) (website: www.mairs.doa.gov.mm) တွင် online ဖြင့်လျှောက်ထားနိုင်ပါသည်။ မြေဩဇာဆိုင်ရာလုပ်ငန်းများ မှတ်ပုံတင်ဆောင်ရွက်ခြင်းနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို Landuse web portal (www.landusedivision.gov.mm ) တွင် ဝင်ရောက်လေ့လာနိုင် ပါသည်။ ဦးစွာမြေဩဇာမှတ်ပုံတင်‌လျှောက်ထားမည့်သူသည် www.mairs.doa.gov.mm တွင် Account Create ပြုလုပ်ရမည်ဖြစ်ပြီး၊ လုပ်ငန်းစဉ်များကို ဆက်လက်လျှောက်ထားနိုင်မည်ဖြစ်ပါသည်။
Description

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

စိုက်ပျိုးရေးဦးစီးဌာန

မြေဩဇာတင်သွင်းခွင့်/ တင်ပို့ခွင့် မှတ်ပုံတင်လက်မှတ်ရရှိရန် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ

လိုင်စင်/ပါမစ်ထုတ်ပေးသည့်ဌာန

စိုက်ပျိုးရေးဦးစီးဌာန

ရည်ရွယ်ချက်

မြေဩဇာဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ မြေဩဇာလုပ်ငန်းများ စနစ် တကျရှိစေရန်

လိုအပ်သည့်စာရွက်စာတမ်း

မြေဩဇာဥပဒေဆိုင်ရာလုပ်ထုံးလုပ်နည်းများ

၁။ ပြည်ပသို့မြေဩဇာတင်သွင်းသူ မှတ်ပုံတင် လျှောက်လွှာ ပုံစံ (၂) / ပြည်တွင်းသို့ မြေဩဇာ တင်သွင်းသူ မှတ်ပုံတင်လျှောက်လွှာ ပုံစံ (၃)

    ၂။    လျှောက်ထားသူ၏ နိုင်ငံသားမှတ်ပုံတင်ကဒ်

၃။ လျှောက်ထားသူ၏ (၁.၃ x ၁.၁ လက်မ) အရွယ် ကာလာဓာတ်ပုံ

၄။ ကုမ္ပဏီမှတ်ပုံတင်လက်မှတ်နှင့် ဒါရိုက်တာအဖွဲ့ဝင်စာရင်း

၅။ ပို့ကုန်သွင်းကုန်လုပ်ငန်းလိုင်စင် (ပသက)

၆။ ပြည်ပကုမ္ပဏီ၏စံချိန်စံညွှန်းပြည့်မီကြောင်းအာမခံချက်

၇။   ပြည်တွင်းကုမ္ပဏီ၏ အရည်အသွေးပြည့်မီကြောင်း အာမခံချက်

၈။ ထုတ်ပိုးမှုပုံစံ (အိတ်ပုံစံ)နှင့် မြေဩဇာနမူနာပုံစံ

လုပ်ငန်းစဉ်အဆင့်

Myanmar Agricultural Inputs Registration System (MAIRS), mairs.doa.gov.mm တွင် online စနစ်ဖြင့် လျှောက် ထားရမည်။

၁။ လိုအပ်သော အထောက်အထားများစိစစ်ပြီးပါက မြေဩဇာနမူနာအား ဓာတ်ခွဲခန်းသို့ပေးပို့၍ ကျသင့်သောဓာတ်ခွဲ စစ်ဆေးခနှုန်းထားများကို စိုက်ပျိုးရေးဦးစီးဌာန၏ ငွေစာရင်းအမှတ် MD- 013167 သို့ ပေးသွင်းရမည်။

 ၂။  ရွက်ဖျန်းမြေဩဇာနှင့် ဇီဝမြေဩဇာများအတွက် သီးနှံတစ်ရာသီစမ်းသပ်ကွက် (Field Trial Test) ဆောင်ရွက်ရမည်။

၃။ မြေဩဇာဆိုင်ရာနည်းပညာအဖွဲ့သည် ဓာတ်ခွဲခန်းစစ်ဆေးမှုရလာဒ်များနှင့် နည်းပညာနှင့် သက်ဆိုင်သည့်အချက်အလက်များအားစိစစ်ပြီး မြေဩဇာကော်မတီသို့ ထောက်ခံတင်ပြပါ သည်။

၄။   မြေဩဇာကော်မတီမှ မြေဩဇာတင်သွင်းခွင့်/ တင်ပို့ခွင့်မှတ်ပုံတင်လက်မှတ်များကို စိစစ် ၍ထုတ်ပေးပါသည်။

၅။   ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချရန်အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီး မှုး၊ စိုက်ပျိုးရေးဦးစီးဌာနတွင် မြေဩဇာဖြန့်ဖြူးရောင်းချခွင့် လိုင်စင်လျှောက်ထားရမည်။

ကုန်ကျစရိတ်

၉၀၀၀၀ ကျပ် (၃နှစ်သက်တမ်း)

ကြာမြင့်ချိန်

Solid fertilizer (importer/ exporter) အတွက် ၂၀ ရက်
Foliar Fertilizer (Local producer) အတွက် ၂၀ ရက် + သီးနှံ ၁ ရာသီ

- မြေဩဇာဆိုင်ရာနည်းပညာအဖွဲ့အစည်းအဝေးနှင့် မြေဩဇာ ကော်မတီ အစည်းအဝေးများ အား(၃)လတစ်ကြိမ် ကျင်းပ လျှက်ရှိပါသည်။

- မြေဩဇာအလိုက် လိုအပ်သော အချက်အလက်များ စစ်ဆေးခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်းနှင့် စမ်းသပ်ကွက်များ ဆောင်ရွက်ပြီးပါက အနီးစပ်ဆုံး မြေဩဇာဆိုင်ရာ နည်းပညာအဖွဲ့နှင့် မြေဩဇာ ကော်မတီသို့ တင်ပြပေးမည် ဖြစ်ပါသည်။

လျှောက်ထားရမည့်နေရာ

Myanmar Agricultural Inputs Registration System (MAIRS)

mairs.doa.gov.mm

Onlineစနစ်ဖြင့်ဆောင်ရွက်နိုင်ခြင်း

Myanmar Agricultural Inputs Registration System (MAIRS)

mairs.doa.gov.mm

လက်မှတ်ရေးထိုးသည့်ရာထူး/

အဆင့်

အတွင်းရေးမှူး၊မြေဩဇာကော်မတီ

ဥပဒေ/ နည်းဥပဒေ အမည်နှင့်အညွှန်းပုဒ်မ/ အပိုဒ်နံပါတ်

မြေဩဇာဥပဒေနှင့်မြေဩဇာဥပဒေပြင်ဆင်သည့်ဥပဒေ။

ဥပဒေပုဒ်မ (၇)

 

 

Source: https://myanmartradeportal.gov.mm/my/procedure/55