လုပ်ထုံးလုပ်နည်း

မျိုးစေ့များအား ပြည်ပမှတင်သွင်းခွင့် အရည်အသွေးမှန်ကန်ကြောင်းထောက်ခံချက် လက်မှတ်

Last Updated: 2018-07-13 16:43:25

Summary
မျိုးစေ့များအား ပြည်ပမှတင်သွင်းခွင့် အရည်အသွေးမှန်ကန်ကြောင်းထောက်ခံချက် လက်မှတ် ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ အမျိုးသားမျိုးစေ့ကော်မတီတွင်လျှောက်ထားခြင်း
Description

 စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

စိုက်ပျိုး‌ရေးဦးစီးဌာန

မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီ

မျိုးစေ့များအား ပြည်ပမှတင်သွင်းခွင့် အရည်အသွေးမှန်ကန်ကြောင်းထောက်ခံချက်လက်မှတ်ရရှိရန် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များ

 

အဆင့်(၁)

ကုန်ပစ္စည်းများဆိပ်ကမ်းသို့ ရောက်ရှိချိန်တွင် တင်သွင်းသူအနေဖြင့် စစ်ဆေးမှုခံယူရန် စိုက်ပျိုးရေးဦးစီးဌာန၊ မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီသို့ OGA test application နှင့်အတူ  အထောက်အကူပြုစာရွက်စာတမ်းဖြစ်သော မူလနိုင်ငံမှ Quality Analysis Certificate တင်သွင်းမည့်ကုန်ပစ္စည်း၏ အရည်အသွေးမှန်ကန်ကြောင်း သက်သေခံ လက်မှတ်အား တစ်ပါတည်းတင်ပြရမည်။

 

အဆင့်(၂)

မျိုးစေ့အရည်အသွေးစစ်ဆေးရေးအဖွဲ့၏စစ်ဆေးရေးမှုးမှ

(က) တင်သွင်းခွင့် ထောက်ခံချက်လက်မှတ်နှင့် အရည်အသွေးမှန်ကန်ကြောင်း သက်သေခံ လက်မှတ်အားတိုက်ဆိုင်စစ်ဆေးခြင်း

(ခ) ကိုယ်စားပြုနမူနာအား မျက်မြင်စစ်ဆေးခြင်း

(ဂ) လိုအပ်ပါက နမူနာအား ဓါတ်ခွဲခန်းသို့ပေးပို့စစ်ဆေးခြင်းကိုပြုလုပ်မည်ဖြစ်သည်။

 

အဆင့်(၃)

မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီသည် နမူနာပစ္စည်းများအားစစ်ဆေးပြီး အရည်အသွေးမှန်ကန်ပါက အကောက်ခွန်ဌာနရှိ Myanmar Automated Cargo Clearance System (MACCS) တွင် Agree ရလာဒ်အားလုပ်ပေးမည်ဖြစ်သည်။ အရည်အသွေးပြည့်မှီမှုမရှိပါက ကုန်တင်သွင်းသူအား အကြောင်းကြားစာပေးပို့မည်ဖြစ်သည်။ ထိုရလာဒ်အတွက် မျိုးစေ့ကော်မတီမှ တာဝန်ရှိသူမှ အကောက်ခွန်ဌာနရှိ Myanmar Automated Cargo Clearance System (MACCS) တွင် Reject ရလာဒ်အားလုပ်ပေးမည်ဖြစ်သည်။

  

 

Source: https://myanmartradeportal.gov.mm/my/procedure/51