မြေဩဇာထုတ်လုပ်ခွင့် မှတ်ပုံတင်လျှောက်ထားခြင်း
Last Updated: 2023-03-30 09:28:13
Summary
Description
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
စိုက်ပျိုးရေးဦးစီးဌာန
မြေသြဇာထုတ်လုပ်ခွင့် မှတ်ပုံတင်လက်မှတ်ရရှိရန် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ
လိုင်စင်/ပါမစ်ထုတ်ပေး သည့်ဌာန |
စိုက်ပျိုးရေးဦးစီးဌာန |
ရည်ရွယ်ချက် |
မြေဩဇာဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ မြေဩဇာလုပ်ငန်းများစနစ်တကျရှိစေရန် |
လိုအပ်သည့်စာရွက်စာတမ်း |
မြေဩဇာဥပဒေဆိုင်ရာလုပ်ထုံးလုပ်နည်းများ ၁။ မြေဩဇာထုတ်လုပ်ခွင့် မှတ်ပုံတင်လျှောက်လွှာ (Form 1) ၂။ လျှောက်ထားသူ၏ နိုင်ငံသားမှတ်ပုံတင်ကဒ် ၃။ လျှောက်ထားသူ၏ (၁.၃ x ၁.၁ လက်မ) အရွယ် ကာလာဓာတ်ပုံ ၄။ ကုမ္ပဏီမှတ်ပုံတင်နှင့် ဒါရိုက်တာအဖွဲ့ဝင်စာရင်း (သို့မဟုတ်) အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း/စက်မှု လုပ်ငန်းမှတ်ပုံတင်လက်မှတ် ၅။ မြေဩဇာထုတ်လုပ်ပုံအဆင့်ဆင့်နှင့် ဓာတ်ပုံမှတ်တမ်း ၆။ ပြည်တွင်းကုမ္ပဏီ၏ အရည်အသွေးအာမခံချက် ၇။ ထုတ်ပိုးမှုပုံစံ (အိတ်ပုံစံ) နှင့် မြေဩဇာနမူနာပုံစံ ၈။ တံဆိပ်မှတ်ပုံတင်လက်မှတ် ၉။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ သဘောထားမှတ်ချက် |
လုပ်ငန်းစဉ်အဆင့် |
Myanmar Agricultural Inputs Registration System (MAIRS), ၁။ လိုအပ်သောအထောက်အထားများ စိစစ်ပြီးပါက မြေဩဇာနမူနာအား ဓာတ်ခွဲခန်းသို့ပေးပို့၍ကျ သင့်သောဓာတ်ခွဲစစ်ဆေးခနှုန်းထားများကို စိုက်ပျိုးရေးဦးစီးဌာန၏ ငွေစာရင်းအမှတ် MD-013167 သို့ ပေးသွင်းရမည်။ ၂။ ရွက်ဖျန်းမြေဩဇာနှင့် ဇီဝမြေဩဇာများအတွက် သီးနှံ တစ်ရာသီစမ်းသပ်ကွက် (Field Trial Test) ဆောင်ရွက်ရမည်။ ၃။ ဒု-တိုင်းဒေသကြီး/ ပြည်နယ်ဦးဆောင်သော စစ်ဆေးရေးအဖွဲ့များက ထုတ်လုပ်ပုံနည်းစနစ်များ ကို စစ်ဆေးသည်။ ၄။ မြေဩဇာဆိုင်ရာနည်းပညာအဖွဲ့သည် ဓာတ်ခွဲခန်းစစ်ဆေးမှုရလာဒ်များနှင့် ထုတ်လုပ်မှု နည်းစဉ် များကို စိစစ်ပြီးမြေဩဇာကော်မတီသို့ ထောက်ခံတင်ပြပါသည်။ ၅။ မြေဩဇာကော်မတီမှ မြေဩဇာထုတ်လုပ်ခွင့် မှတ်ပုံတင်လက်မှတ်များကိုစိစစ်၍ ထုတ်ပေးပါ သည်။ ၆။ ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချရန်အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှုး၊ စိုက်ပျိုးရေးဦးစီးဌာနတွင် မြေဩဇာဖြန့်ဖြူးရောင်းချ ခွင့်လိုင်စင်လျှောက်ထားရမည်။ |
ကုန်ကျစရိတ် |
- ထုတ်လုပ်မှတ်ပုံတင်ကြေး - ၆၀၀၀၀ ကျပ် (၃ နှစ်သက်တမ်း) |
ကြာမြင့်ချိန် |
- Solid fertilizer (Local producer) အတွက် ၃၆ ရက် - မြေဩဇာဆိုင်ရာနည်းပညာအဖွဲ့ အစည်းအဝေးနှင့် မြေဩဇာကော်မတီ အစည်းအဝေးများအား (၃)လ တစ်ကြိမ် ကျင်းပလျှက်ရှိပါသည်။ - မြေဩဇာအလိုက်လိုအပ်သော အချက်အလက်များ စစ်ဆေးခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်းနှင့် စမ်းသပ်ကွက် များဆောင်ရွက်ပြီးပါက အနီးစပ်ဆုံးမြေဩဇာဆိုင်ရာ နည်းပညာအဖွဲ့နှင့် မြေဩဇာကော်မတီသို့ တင်ပြပေး မည်ဖြစ်ပါသည်။ |
လျှောက်ထားရမည့်နေရာ |
Myanmar Agricultural Inputs Registration System (MAIRS) mairs.doa.gov.mm |
Onlineစနစ်ဖြင့်ဆောင်ရွက် နိုင်ခြင်း |
Myanmar Agricultural Inputs Registration System (MAIRS) mairs.doa.gov.mm |
လက်မှတ်ရေးထိုးသည့်ရာထူး/အဆင့် |
အတွင်းရေးမှူး၊မြေဩဇာကော်မတီ |
ဥပဒေ/ နည်းဥပဒေအမည်နှင့် အညွှန်းပုဒ်မ/အပိုဒ် နံပါတ် |
မြေဩဇာဥပဒေနှင့်မြေဩဇာဥပဒေပြင်ဆင်သည့်ဥပဒေ။ ဥပဒေပုဒ်မ (၇) |
Source: https://myanmartradeportal.gov.mm/index.php/my/procedure/57